အပိုင်း(၅၁)

651 59 0
                                    


အပိုင်း(၅၁)

သူမစကားပြောပြီးသွားတာနဲ့၊ လုမူရှန်းမှာ ခဏတာလောက် မှင်သက်နေကာ၊ စက္ကန့်တစ်ခုကြာမှ ပြန်သတိဝင်လာပြီး၊ "မလိုပါဘူး၊ ကိုယ်တကယ်မနာတာပါ။" လို့ ပြောလာလေသည်။

ပြောပြီးတာနဲ့ ထရပ်လိုက်မလို့။

ဆုန်ရန်က သူ့ကို ပြန်ဆွဲချလာကာ ထခွင့်မပေးလိုက်ဘဲ၊ "နင်ဒဏ်ရာရမရ၊ ငါစစ်ဆေးပေးရမလား၊ ဒါမှမဟုတ် ဆေးရုံသွားပြီး အစစ်ဆေးခံချင်လား။" လို့ ပြောလာလေတယ်။

လုမူရှန်းမှာ ရပ်ဆိုင်းလိုက်ရကာ၊ ခေါင်းမော့ပြီး ‌ဆုန်ရန်ကို စိုက်ကြည့်လာလေသည်။

ဆုန်ရန်က သူ့အား လှုံ့ဆော်လာလိုက်လေတယ်၊ "မလှုပ်နဲ့တော့၊ အမြန် အဝတ်စားချွတ်လိုက်။"

"..." လုမူရှန်းက ခဏတာလောက် တိတ်ဆိတ်သွားလေတော့သည်။ ရုတ်တရက်ဆို၊ သူတစ်ခုခုကို တွေးမိလိုက်ပုံပဲ၊ သူ့နှုတ်ခမ်းထောင့်တွေ ကော့ညွှတ်လာကာ၊ ဆုန်ရန်အား မရေရာတဲ့အကြည့်မျိုးဖြင့် လှမ်းကြည့်လာလေတော့သည်။ ရယ်သံတိုးတိုးလေး ထွက်ပေါ်လာကာ၊ "ရန်ရန်၊ မင်းဘာလို့ အလျင်လိုနေရတာလဲ?" လို့ ပြောလာလိုက်တယ်။

အလျင်လိုတယ်?

ဘာအလျင်လိုတာတုန်း?

ဆုန်ရန်က ခဏလောက် နားမလည်နိုင် ဖြစ်သွားရလေပြီး၊ လုမူရှန်းစနောက်တာ ခံလိုက်ရပြီဖြစ်ကြောင်း စက္ကန့်အတော်ကြာမှ သဘောပေါက်မိလိုက်လေတော့တယ်။

သူမက နှုတ်ခမ်းကိုက်ကာ သူ့ကိုမျက်စောင်းထိုးကြည့်လာရင်း၊ "နှာဘူးအတွေးတွေ တွေးမနေနဲ့! မြန်မြန်ချွတ်လိုက် ငါနင့်ကို ကြည့်ပေးမယ်။"

ပြောပြီးတာနဲ့၊ သူမက တံခါးနားလျှောက်သွားကာ အခန်းနံရံပေါ်က မီးခလုတ်ကို ဖွင့်လာလိုက်လေတယ်။

အခန်းထဲ လင်းထိန်လာလေတော့သည်။

မီးဖွင့်ပြီးတော့ လှည့်ကြည့်လာချိန်၊ လုမူရှန်းက ကုတင်ပေါ် မလှုပ်မယှက်ကြီး ထိုင်နေတယ်ဆိုတာကို သူမမြင်လိုက်ရလေသည်။

ဆုန်ရန်က သူဒဏ်ရာရထားတယ်ဆိုကြောင်း စိတ်ထဲပိုသေချာသွားရကာ၊ သူမရင်ထဲ နာကျင်လာရပြန်လေတော့၏။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now