အပိုင်း(၃)
လုမူရှန်းက အတန်းချိန်နောက်ကျသွားတာကြောင့်၊ အတန်းတံခါးရှေ့ရပ်ပြီး၊ တံခါးကို ယဉ်ယဉ်ကျေးကျေးခေါက်လိုက်လေတော့တယ်။
သင်္ချာဆရာက ခေါင်းစောင်းကြည့်လိုက်ချိန်၊ လုမူရှန်းဖြစ်နေမှန်းမြင်တော့၊ ကျေနပ်အားရနေတဲ့အမူရာဖြင့် သာမန်ကာလျှံမေးလာလေတယ်၊ "မင်းဘယ်တွေသွားနေတာလဲ?"
လုမူရှန်းက ပြန်ဖြေလာလေတယ်၊ "ကျွန်တော်တောင်းပန်ပါတယ်၊ ဆရာ၊ ကျွန်တော် ကျောင်းဆေးခန်းသွားနေလို့ပါ၊"
"အိုကေ၊ ဝင်လာခဲ့။" လုမူရှန်း သူ့ထိုင်ခုံဆီ ရောက်လာချိန်၊ ဟန်ချင်းက သူနားတိုးလာပြီး အသံတိုးတိုးနဲ့မေးလာလေတယ်၊ "ဘယ်လိုလဲ? ဆုန်ရန် အဆင်ပြေတယ်တဲ့လား?"
. လုမူရှန်းက ဘာမှမပြောလာလေဘူး။
လုမူရှန်းက Sမြို့တော်ရဲ့နာမည်ကြီးကျောင်းတစ်ကျောင်းကနေ ပထမနေရာကိုယူပြီး ကျောင်းပြောင်းလာခဲ့တာဖြစ်လေပြီး၊ သူက စာလေ့လာရာမှု သေချာအလေးထားသင်ယူမှုကြောင့် နာမည်ကြီးလှလေတယ်။
ဟန်ချင်းက ရှက်ကိုးရှက်ကန်းဖြစ်လျက် နှာခေါင်းကိုထိလာလိုက်ပြီး၊ ထပ်အနှောက်ယှက်မပေးလေတော့ဘူး။
အတန်းချိန်က မိနစ်လေးဆယ်ကြာပြီး မြန်မြန်ပြီးသွားလေတယ်။
ဆရာက အတန်းဆင်းပြီးလို့ ပြောလာလိုက်တာနဲ့၊ အတန်းထဲ ချက်ချင်းဆူညံလာကာ၊ စကားပြောတာတို့၊ အတန်းထဲကထွက်သွားကြတာတို့၊ ရယ်မောပြီး ဆူညံသံတွေပွက်လောရိုက်နေလေတော့တယ်။
လုမူရှန်းကတော့ သူ့ထိုင်ခုံမှာထိုင်ပြီး၊ အစောတုန်းက ဆရာရှင်းပြလို့်မပြီးလိုက်တဲ့ ပုစ္ဆာကို ဖြေရှင်းနေလေတယ်။
ဟန်ချင်းကခေါင်းစောင်းထားကာ၊ သူ့ညာဘက်လက်နဲ့မျက်နှာကိုကာထားပြီး၊ လုမူရှန်းကိုမကြည့်မိအောင် ထိန်းချုပ်ထားနေလေတယ်။
"အစ်ကိုလု၊ ဆုန်ရန်အဆင်ပြေတယ်တဲ့လား?"
လုမူရှန်းက ခေါင်းမမော့လာဘဲ 'ဟမ်' လို့ပြန်ဖြေပေးလာလေတယ်။
YOU ARE READING
ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]
Romanceလုမူရှန်းကို ဆုန်ရန် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက၊ သူ့ကိုအပိုင်သိမ်းချင်ခဲ့တယ်၊၊ ဒီတော့ သူမက သူ့နောက် အသည်းအသန်လိုက်ပိုးပန်ခဲ့ပြီး၊ နေ့တိုင်း သူ့နောက် နောက်လိုက်လေးတစ်ဦးလိုမျိုး လိုက်လံခဲ့တယ်။ လက်ဆောင်တွေပို့တာတို့၊ သူ့ကို ချစ်ခြင်းထမင်းဘူးပေးတာတ...