အပိုင်း(၃၂)

802 99 1
                                    

အပိုင်း(၃၂)

  လုအမေမှာ အံ့အားသင့်သွားရကာ၊ မယုံကြည်နိုင်ဖြစ်လျက် ကျောက်ချင်းကို ကြည့်လာလေတယ်၊ "ဘာ...ဘာပြောလိုက်တယ်?"

  ဒါရိုက်တာရဲ့တုံ့ပြန်မှုကိုကြည့်ကာ၊ သူမမသိသေးလောက်ဘူးလို့ ကျောက်ချင်း ခန့်မှန်းမိလိုက်လေတယ်။ သူမက ပါးစပ်ဟလာလိုက်ပေမဲ့၊ ပြောရမှာတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေလေတယ်။ စက္ကန့်တစ်ခုတာလောက် ချီတုံ့ချချီဖြစ်နေပြီးနောက်၊ သူက အမေလုကို ပြောပြပေးလာလိုက်တယ်၊ "ဒါရိုက်တာ၊ ဒီကိုလာခဲ့။"

  ထို့နောက်မှာတော့၊ သူမက ဘေးတစ်ဖက်ကို လျှောက်ထွက်လာကာ၊ လူမရှိတဲ့ပြတင်းပေါက်နားမှာ ရပ်နေလိုက်တယ်။

  ဒါကိုမြင်တော့၊ အမေလုလည်း သူမအနားတိုးလာကာ၊ ပူပန်တကြီးမေးလာလေတယ်၊ "နင်အစောကပြောလိုက်တာက၊ အမှန်တွေလား? ရန်ရန့်အဖေက..."

  ကျောက်ချင်းက လေးနက်တဲ့အမူရာဖြင့်၊ ခေါင်းညိတ်ပြလာကာ၊ "အမှန်တွေပါ။ သိပ်မကြာခင်တုန်းက၊ မစ္စတာဆုန်မှာ ညလယ်ကြီး နှလုံးထဖောက်ခဲ့လို့ ဆေးရုံကိုပို့ပေးရတယ်လေ။ သူ့ကိုကြည့်ရှုပေးရတဲ့လူက ကျွန်မဖြစ်နေတာပေါ့။ အဲဒီအချိန်တုန်းက၊ သူ့သမီးက ဆက်တိုက်တွေငိုနေတော့ သူ့မိသားစုကလူတွေကို ဖုန်း‌ဆက်ခေါ်ဖို့ ကျွန်မပြောပြလိုက်တယ်လေ၊ ဒါပေမဲ့ သူက ခေါင်းခါပြပြီး အိမ်မှာ လူကြီးမရှိဘူးလို့ ပြောလာတယ်လေ။"

  အမေလု နားထောင်မိလေ၊ ပိုအံ့ဩရလေဖြစ်နေကာ၊ သူမက မေးကြည့်လိုက်ပါလေတယ်၊ "သူ့အမေကကော?"

  ကျောက်ချင်းက ခေါင်းခါပြကာ သက်ပြင်းချလိုက်လေတယ်: "တကယ်တော့၊ အဲ့အကြောင်းကို ကျွန်မလည်း သိပ်မသိခဲ့ဘူး။ အဲ့တုန်းက၊ ကောင်မလေးက သူ့ကိုသူဂရုစိုက်နိုင်ပြီး၊ လူကြီးမရှိဘူးဆိုတာကလွဲလို့၊ ဘာမှမပြောပြလာဘူးလေ။ ကံကောင်းတာက၊ သူမအဖေအခြေအနေက အရေးတကြီးဖြစ်နေပေမဲ့ ခွဲစိတ်ဖို့လိုတဲ့အထိ ပြင်းထန်မနေဘူးလေ၊ ဒီတော့ သူ့ကို ကယ်တင်ပေးလို့ရခဲ့တယ်လေ။"

  ထိုဟာကိုပြောပြပြီးနောက်၊ သူမက ရုတ်တရက်ကြီး ရပ်ပစ်လိုက်ပါလေတယ်။ သူ့စိတ်ထဲမှာတော့၊ နှုတ်ခမ်းကိုက်ငိုနေကာ သန်မာချင်ယောင်ဆောင်နေတဲ့မိန်းကလေးရဲ့ပုံရိပ်က ပြန်လည်ဖြတ်ပေါ်လာလေတော့သည်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now