အပိုင်း(၄)

1.1K 111 0
                                    

အပိုင်း(၄)

    မနက်ခင်းခြောက်နာရီ။

    ဆုန်ရန်က သူ့အိပ်ရာထဲကနေ အိပ်ချင်မူးတူးထွက်လာကာ၊ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်သွားတိုက်လုပ်ရန်ပြင်နေချိန် သူ့အဖေအခန်းကနေ 'ဘုန်း' ခနဲမြည်သံ ကြားလိုက်ရလေတော့သည်။

    သူ့နှလုံးသား တုန်ယင်လာကာ၊ အိပ်ချင်မူးတူး‌ဖြစ်နေတာကနေ ချက်ချင်းလန့်နိုးသွားပြီး၊ သူ့အဖေအခန်းထဲ ပြေးဝင်လာလိုက်လေတော့တယ်။

    အခန်းတံခါးကို တွန်းဖွင့်ပြီးဝင်လာချိန်၊ သူ့အဖေ မြေပေါ်လဲကျနေတာကို မြင်လိုက်ရလေတော့သည်။

    "အဖေ့!" ဆုန်ရန်က အလန့်တကြားအော်ဟစ်လိုက်ပြီး အလျင်မြန် ပြေးလာလိုက်လေတယ်။

    ဆုန်တာဟိုင်က မြန်မြန်လက်ယမ်းပြလာပြီး၊ "အဆင်ပြေပါတယ်၊ အဖေပြုတ်ကျရုံတင်ပါ၊"

    သူက ကုတင်ပေါ်ကထပြီး wheelchairပေါ်ပြောင်းထိုင်လိုက်ချင်ခဲ့တာ၊  ဒါပေမဲ့ သူလှမ်းမမှီလိုက်တာကြောင့်၊ မြေပြင်ပေါ် မတော်တဆ ပြုတ်ကျသွားခဲ့လေတယ်။

    ဆုန်ရန်က သူ့အဖေထလို့ရအောင် ကူမပေးလိုက်ပြီး၊ "အဖေ၊ အခုကစလို့ သမီးအိမ်မှာရှိချိန်ဆို၊ အဖေလုပ်ချင်တာရှိရင် သမီးကိုသာလှမ်းခေါ်လိုက်ပါ။ အဖေပြုတ်ကျသွားရင်၊ သမီးပဲစိတ်မကောင်းဖြစ်ရတာ၊" သူ့အဖေကို wheelchairပေါ်တင်ကူပေးရင်း ဆုန်ရန်ပြောလာလိုက်လေတယ်။

    "အဆင်ပြေပါတယ်၊ မတော်တဆအသေးလေးပါ၊၊ နောက်တစ်ကြိမ်ကျ အဖေဂရုစိုက်လိုက်ပါ့မယ်။" ဆုန်တာဟိုင်က ဆုန်ရန်ရဲ့လက်ကိုပုတ်ကာ သူ့ကိုနှစ်သိမ့်ပေးလိုက်လေသည်။

    ဆုန်ရန်က သူ့အဖေကို စိတ်သောကရောက်စွာ ကြည့်နေလိုက်ပြီးနောက် ပြောလိုက်လေတယ်၊ "အဖေ၊ အဖေ့မျက်နှာသစ်လို့ရအောင် သမီး ရေသွားယူပေးမယ်နော်၊ သမီးကိုစောင့်နေ။"

    ထို့နောက်မှာတော့ သူက ရေချိုးခန်းဆီ လှည့်ထွက်သွားလေတော့တယ်။

    သူ့အဖေကို သွားတိုက်မျက်နှာသစ်လို့ရအောင် ကူညီပေးပြီးနောက်၊ ဆုန်ရန်လည်း ရေချိုးခန်းထဲ ပြန်ဝင်လာပြီး ဆေးကြောသန့်ရှင်းရေး လုပ်လိုက်လေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now