အပိုင်း(၅)

1.2K 127 2
                                    

အပိုင်း(၅)

    အထက်တန်းကျောင်းရဲ့ဂျူနီယာနှစ်ကစလို့၊ မိန်းကလေးတော်တော်များများက လုမူရှန်းကို လက်ဆောင်ပေးခဲ့ကြလေတယ်၊၊ နွားနို့၊ ချောကလက်၊ အဝတ်စားတွေနဲ့ ဖိနပ်တွေတောင်ပါသေးလေတယ်၊ အားလုံးကို အလွယ်တကူရယူနိုင်လေတယ်။

    ဒါပေမဲ့ မိန်းကလေးတွေဆီက ဘယ်လက်ဆောင်ကိုမှ သူလက်ခံမယူခဲ့ဖူးလေဘူး။

    သူ့အံဆွဲထဲ ခိုးထည့်ပေးတဲ့မိန်းကလေးတွေလည်းရှိတာပေါ့၊ ဒါပေမဲ့ သူရှာတွေ့သွားချိန်၊ တစ်ဖက်လူအထင်လွဲသွားမှာကို မလိုချင်တာကြောင့်၊ သူတို့ဆီ ချက်ချင်း ပြန်ပေးလိုက်တာချည့်ပဲ၊၊

    သို့သော်၊ ဒီနေ့ ဆုန်ရန် သူ့ကိုပေးတဲ့ကြက်ဥကကျ အသစ်အဆန်းမျိုးဖြစ်ပြီး၊ သူပြန်မပေးချင်နေလေဘူး။

    ညနေခင်းအတန်းချိန်ပြီးသွားတော့၊ လုမူရှန်းက ဆုန်ရန်သူ့ကိုပေးထားတဲ့ကြက်ဥကို သူ့ကျောင်းလွယ်အိတ်ထဲ ထည့်သိမ်းလိုက်တာကို ဟန်ချင်းက စောင့်ကြည့်နေခဲ့ပြီး၊ မကြည်မသာဖြစ်လျက် ပြောလာလေတယ်၊ "သူ့ကိုသဘောကျတာမျိုးလည်းမဟုတ်ဘဲ၊ ဘာလို့ကြက်ဥကို ယူ‌ထားနေရတာလဲ?"

    လုမူရှန်းက ဟန်ချင်းကို လှမ်းကြည့်လိုက်ပြီး ပြောလာလေတယ်၊ "ယူပြီး လွှတ်ပစ်ဖို့လေ၊ လုပ်လို့မရဘူးလား?"

    ဟန်ချင်းမှာ ခဏတာလောက် ဆို့နင်သွားကာ၊ လုမူရှန်းကို လေးစားနေတဲ့မျက်နှာမျိုးဖြင့် လက်မထောင်ပြလိုက်ပြီး၊ "အစ်ကိုလုက တကယ်မိုက်တာပဲ!"

    လုမူရှန်း: "..."

    ...

    ဆုန်ရန်က ဒီညတော့ အလုပ်မသွားရလေဘူး၊ ဒီတော့ ကျောင်းပြီးတာနဲ့ လော့လင်နဲ့  အိမ်ပြန်လာခဲ့လိုက်လေသည်။

    ကျောင်းအပြင်ဘက်ကို သူလျှောက်လာတော့၊ သူ့မျက်လုံးတွေက ဘေးပတ်ဝန်းကျင်ကိုပဲ လျှောက်ပတ်ကြည့်နေလေတယ်။

    လော့လင်ကို သူ့ကိုကောင်းကောင်းနားလည်လေတော့၊ သူ့ပုခုံးကိုပုတ်ပြီး၊  "ကြည့်မနေနဲ့၊ လုမူရှန်းက ဂိတ်ကနေထွက်တာမဟုတ်ဘူး။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now