အပိုင်း(၄၄)

681 71 1
                                    

အပိုင်း(၄၄)

  လုမူရှန်းလုပ်ချင်တာက pastaဖြစ်လေတယ်၊ ဆုန်ရန်ကကျ လုပ်နည်းမသိပါဘူး။ ရေခဲသေတ္တာကနေ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီထုတ်လိုက်တာကို သူမမြင်တော့၊ သူမက မေးကြည့်လိုက်တယ်၊ "ဒါဘာလုပ်ဖို့လဲ?

  ကြက်သွန်နီကို ဘေဇင်ထဲ ထားလိုက်ကာ၊ "အရံဟင်းလုပ်ဖို့၊ ဒါကိုဆေးပြီး လေးထောင့်လေးတွေ လှီးရမှာ။"

  "ငါလုပ်လိုက်မယ်!" ဆုန်ရန်မှာ ဘာမှလုပ်စရာမရှိတာကြောင့်၊ လုမူရှန်းကိုတွန်းပြီး အကူညီပေးရန် လုပ်လိုက်လေတယ်။ သူမက ဘေဇင်ရှေ့ရပ်ကာ၊ စွပ်ပြုတ်အိုးကို လက်ညှိုးထိုးပြပြီး၊ "နင်က ခေါက်ဆွဲချက်တာကိုသာ ကြည့်နေလိုက်ပါ။"

  ပြောပြီးတာနဲ့၊ သူမက ခရမ်းချဉ်သီးတွေကို ဆေးကြောလိုက်ပါလေတယ်။

  လုမူရှန်းလည်း မတားလိုက်လေဘူး။ နှစ်ဦးသားက အလုပ်ခွဲကာ အချင်းချင်းပူးပေါင်းချက်ပြုတ်လိုက်တယ်။ သူက လက်မလှီးအောင် သတိထားဖို့ လှမ်းပြောလိုက်ပါလေတယ်။

  ဆုန်ရန်က ဂုဏ်ယူနေတဲ့လေသံဖြင့်၊ "ငါ့ဓားစကေးက ဆရာအဆင့်ရှိတာနော်၊၊"

  ဆုန်ရန်က ငယ်ငယ်ကလေးတည်းက ချက်ပြုတ်လာခဲ့တော့၊ သူမဓားစကေးက အတော်လေးကောင်းလှလေတယ်။ တစ်အောင့်ကြာတော့၊ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီတွေကို လေးထောင့်တုံးလေးဖြစ်အေယင် လှီးဖြတ်ပြီးသွားလေပြီ။ သူမက ပန်းကန်ထဲထည့်ကာ၊ စဉ်းနှီတုန်းနဲ့ ဓားကိုဆေးပြီး သူ့နေရာသူပြန်သိမ်းလိုက်တယ်။

  လုမူရှန်းက ခေါက်ဆွဲပြုတ်ပြီးသွားပြီ၊ ခေါက်ဆွဲတွေကို ရေပြောင်အောင်ထားထားပြီးတာနဲ့၊ အိုးထဲ ဆီနည်းနည်းထည့်ကာ၊ မွှေလိုက်ပါလေတယ်။

  ရေ‌ခဲသေတ္တာထဲ နှုတ်နှုတ်စဉ်းထားတဲ့အသားရှိလေတယ်။ အန်တီလင်းက မနက်ဖြန်က အသားလုံးလုပ်ရအောင် ပြင်ဆင်ထားခဲ့တာလေတော့၊ လုမူရှန်းအတွက် အဆင့်သင့်ဖြစ်သွားတာပေါ့။

  ဆုန်ရန်လည်း ဘာမှလုပ်စရာမရှိတော့၊ လုမူရှန်းနား ပြန်လာခဲ့လိုက်တယ်၊ အိုးထဲ အဝါရောင်ပစ္စည်းလေး ထည့်လိုက်တာကိုမြင်တော့၊ သူမလည်း အဲ့တာကို တစ်ခါမှမမြင်ဖူးတာကြောင့်၊ စပ်စပ်စုစုမေးကြည့်လိုက်တယ်၊ "အဲ့တာဘာလဲ?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now