အပိုင်း(၅၄)

466 48 0
                                    


အပိုင်း(၅၄)

ခေါင်မိုးပေါ်က ထိုင်ခုံဆီ လုမူရှန်းကို ဆွဲခေါ်လာလိုက်တယ်၊ သူမစိတ်ထဲလည်း ထိုနှစ်ကဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးတောမိလိုက်လေသည်။

သူမက အချိန်အတော်ကြာ စကားမပြောလာလေဘူး၊ လုမူရှန်းလည်း ဘာမှမမေးလာဘဲ၊ သူမလက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားပါလေတယ်။

အချိန်အတော်ကြာတော့၊ ဆုန်ရန်က ပြောပြလာပါလေတယ်၊ "ငါ ဂျူနီယာနှစ်တုန်းက အရမ်းဆင်းရဲတယ်လေ။ အလုပ်ရှာဖို့လည်း အသက်ငယ်သေးတာပေါ့။ အဲ့တုန်းက၊ ငါ့အဒေါ်တွေနဲ့ ဦးလေးတွေကို မှီခိုခဲ့ရတယ်လေ။ ငါ့မိသားစုအခြေအနေအကြောင်း ဘယ်သူမှမပြောပြဖူးဘူးဆိုပေမဲ့၊ အတန်းဖော်တွေကော ‌ဆရာတွေကောကပါ ငါဆင်းရဲတယ်ဆိုတာကို သိကြတယ်လေ၊ ဘာလို့ဆို အတန်းထဲ ငွေပေးရတာမျိုးတို့ရှိလာရင်၊ ငါတစ်ယောက်တည်းကပဲ နောက်ဆုံးပေးတဲ့သူဆိုတော့လေ၊ ပြီးတော့ အဖွဲ့စုဝေးတာတို့ဘာတို့တွေမှာ ငါမပါဝင်ဘူးလေ။"

"ငါဆင်းရဲတာကြောင့်ဖြစ်မယ်။ အဲ့တုန်းက၊ အတန်းထဲ ယွမ်ငါးဆယ်ပျောကိသွားတယ်လေ။ ပိုက်ဆံပျောက်သူကလည်း ဖြစ်ချင်တော့ ငါ့ရှေ့မှာထိုင်တဲ့တစ်ယောက်ပေါ့။ သူက သူ့ပိုက်ဆံကို ငါခိုးတာလို့ပဲ ပြောနေခဲ့တယ်လေ..."

ဒါကိုဆုန်ရန်ပြောတော့၊ လုမူရှန်းနှလုံးသားက တဒိတ်ဒိတ်တုန်ယင်လာကာ၊ ဆုန်ရန်လက်ကို အားထည့်ပြီး ဆုပ်ကိုင်မိလိုက်လေတယ်။

ဆုန်ရန်က သူ့ကိုကြည့်ပြီး ပြုံးပြလာလေတယ်၊ "စိတ်မကောင်းမဖြစ်ပါနဲ့၊ ငါပြောတာကိုသာ နားထောင်ပါ။"

သူမရှေ့က ဘာမှမရှိတဲ့နံရံကို ပြန်စိုက်ကြည့်လိုက်ပြီး ဆက်ပြောပြလာလေတယ်၊ "အဲ့ကောင်မလေးက ပြဿနာရှာနေတာလေ။ အဲ့ကောင်မလေးက ငါခိုးတာလို့ပဲပြောနေတာ၊ ငါဘယ်လောက်ရှင်းပြပြ အသုံးမဝင်ခဲ့ဘူး၊ သူ့ပိုက်ဆံခိုးပါတယ် အရှက်မရှိပါဘူးဆိုပြီး ဆဲဆိုနေတာလေ။"

"သူမက အရမ်းနာမည်ကြီးတော့၊ လူတိုင်းလည်း ငါ့ကိုလက်ညှိုးထိုးပြီး ဆူဆဲလာကြတယ်၊ ပိုက်ဆံပြန်ပေးဖို့လည်း ပြောလာကြတယ်။ ဒါပေမဲ့ ငါမှ သူ့ပိုက်ဆံကိုမယူတဲ့ဟာကို။ ဘယ်လိုပြန်ပေးရမှာလဲ? လူတိုင်းကလည်း ငါ့ပဲအပြစ်တင်နေကြတယ်လေ။ အဲ့တုန်းက အရမ်းကြောက်သွားခဲ့တယ်လေ။ ငါကြိုးစားပြီး လူတိုင်းယုံအောင် ရှင်းပြခဲ့သေးတယ်။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now