အပိုင်း(၅၂)ငြင်သာဖြူစင်တဲ့အနမ်းလေးပေါ့၊ လုမူရှန်းက ထိပြီးတာနဲ့ ချက်ချင်း လွှတ်ပေးလိုက်ပါလေတယ်။
နူးညံ့ငြင်သာတဲ့အပြုံးလေးဖြင့် အကြည့်ဆုံးသွားလေတယ်။
ဆုန်ရန်က ထိုမျက်ဝန်းတွေကိုကြည့်ပြီး သူမနှလုံးသားက တဒိတ်ဒိတ် ခုန်ပေါက်လာလေတော့သည်။
ပြုံးလိုက်ချိန်ဆို ညနက်ကောင်းကင်ပေါ်က တောက်ပနေတဲ့ကြယ်ကလေးတွေမျိုး တလက်လက်တောက်ပလာလေတယ်။
ဆုန်ရန်မှာ အနည်းငယ် ရှက်ရွံ့လာပြီး ချက်ချင်းအကြည့်လွှဲလိုက်ပါတယ်။
ခဏနေတော့၊ သူက လုမူရှန်းကိုယ်ပေါ်မှာ လှဲနေသေးတယ်ဆိုကြောင်း သတိပြန်ရလိုက်တယ်။ သူ့ဒဏ်ရာထိမိမှာကို စိတ်ပူလေတော့၊ ကုတင်ကိုအားပြုပြီး ထရပ်လိုက်ကာ စိတ်လှုပ်တရှား မေးလိုက်လေတယ်: "ဒဏ်ရာထိသွားသေးလား?"
လုမူရှန်းလည်း ကုတင်ပေါ်ကနေ ထထိုင်လိုက်ပြီး၊ ခပ်ဖျော့ဖျော့အပြုံးလေးဖြင့် ပြန်ဖြေလာလေတယ်: "မထိဘူး။"
ခေါင်းမော့လာကာ အပြုံးတွေပြည့်နေတဲ့မျက်ဝန်းဖြင့် သူမအား စိုက်ကြည့်လာလိုက်တယ်။
ဆုန်ရန်အကြည့်က မရည်ရွယ်ဘဲ သူ့ကိုယ်ပေါ် အကြည့်ရောက်သွားပါတယ်။
ထင်ရှားတဲ့ကိုယ်ခန္ဓာကိုယ်အချိုးအစား။ ဆုန်ရန်နှလုံးသားက မထိန်းချုပ်နိုင်အောင် ခုန်ပေါက်လာပြီး သူမက နေရခက်စွာ အကြည့်လွှဲပစ်လိုက်တယ်။ ကုတင်အစွန်းနားလျှောက်သွားကာ လုမူရှန်းချွတ်ထားတဲ့ အဝတ်စားတွေကို ကောက်ယူလိုက်တယ်။ နောက်တော့ သူ့ထံပစ်ပေးလိုက်ပြီး၊ "နင့်...နင့်အဝတ်စားတွေ မြန်မြန်ပြန်ဝတ်လိုက်..."
လုမူရှန်းက အင်္ကျီကို လက်ထဲကိုင်ထားရင်း၊ ပြုံးကာ စနောက်လိုက်တယ်: "အဝတ်စားချွတ်ခိုင်းတာလည်း မင်းပဲ၊ ပြန်ဝတ်ခိုင်းတာလည်း မင်းပဲ။ ဆုန်ရန်၊ မင်းက နှာဘူးများလား?"
"နင်...နင်ကမှနှာဘူး!" ဆုန်ရန်မျက်နှာက လောင်ကျွမ်းလာကာ၊ ခေါင်းအုံးကိုမပြီး လုမူရှန်းမျက်နှာဆီ ပစ်ပေါက်လိုက်ပါလေတယ်။
YOU ARE READING
ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]
Romanceလုမူရှန်းကို ဆုန်ရန် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက၊ သူ့ကိုအပိုင်သိမ်းချင်ခဲ့တယ်၊၊ ဒီတော့ သူမက သူ့နောက် အသည်းအသန်လိုက်ပိုးပန်ခဲ့ပြီး၊ နေ့တိုင်း သူ့နောက် နောက်လိုက်လေးတစ်ဦးလိုမျိုး လိုက်လံခဲ့တယ်။ လက်ဆောင်တွေပို့တာတို့၊ သူ့ကို ချစ်ခြင်းထမင်းဘူးပေးတာတ...