အပိုင်း(၄၈)

620 54 0
                                    

အပိုင်း(၄၈)

  တကယ်တော့၊ ဘားမှာသီချင်းဆိုရာတာက ဆုန်ရန်ရဲ့အရေးပါဆုံးအသက်မြစ်ဖြစ်လေတယ်၊ ဒါပေမဲ့ လုမူရှန်းမှာ စိတ်ပူနေလေမှတော့ သူမလည်း ဒီလိုရှုပ်ထွေးတဲ့နေရာမျိုး၌ အလုပ်မလုပ်ချင်လေတော့ဘဲ၊ သူပြောတာကို သဘောတူလိုက်ပါလေတယ်။

  ဘာဝန်လေးနေမှုမှလည်း မရှိနေပါဘူး၊ သူမလည်း အဲဒီပတ်ဝန်းကျင်မျိုးကို တကယ်သဘောမကျလေဘူး။ ဒါပေမဲ့ ပြဿနာက ညပိုင်းလုပ်နိုင်တဲ့အချိန်ပိုင်းအလုပ်မျိုးကို သူမ ထပ်ရှာရတော့မှာပဲ။

  အခု အားလပ်ရက်ရနေတော့၊ နွေရာသီအချိန်ပြည့်အလုပ်မျိုးကို သူမ,ရှာဖွေလို့ရလေပြီ။ ဒါပေမဲ့ ကျောင်းစဖွင့်ပြီဆိုတာနဲ့၊ ကျောင်းသူ/ကျောင်းသားတွေက နေ့အချိန်ဆို ကျောင်းတက်ရမယ်ဆိုတော့၊ ညအချိန်တို့ ပိတ်ရက်တို့ကျမှသာ အလုပ်လုပ်နိုင်လေမည်။ 

  ဒီတော့၊ သူမအား ညအချိန်ကို အလုပ်လုပ်ခွင့်ပေးမယ့်အလုပ်ကို ရှာရမှာက လက်ရှိ၌ အခက်ခဲဆုံးပြဿနာ ဖြစ်လာလေတော့သည်။

  ဆုန်ရန်က ရက်အတော်ကြာ ရှာဖွေခဲ့ပေမဲ့၊ သင့်လျော်တာတစ်ခုကိုတောင် ရှာမတွေ့သေးလေဘူး။

  အလုပ်မလုပ်ရတာ ရက်အတော်ကြာတော့၊ သူမမှာ အနည်းငယ်စိုးရိမ်လာလေတော့သည်။ လော့လင်က အပြင်ထွက်လည်ပြီး စိတ်အပန်းဖြေရအောင် သူမအား လှမ်းမေးလာပါလေတယ်။ နှစ်ဦးသားက လက်ဆွဲပြီး လမ်းကူးလမ်းတစ်လျှောက် လျှောက်လာခဲ့ကြလေသည်။

  ဆုန်ရန် ဒီလိုစိတ်ပူပန်နေတာမျိုးကို လော့လင်မမြင်ရတော့တာ အတော်ကြာနေလေပြီ။ သူမက ဆုန်ရန့်ပုခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်လာလေတယ်: "တကယ်တော့၊ နင်အလုပ်မရလည်း ဘာမှမဖြစ်ပါဘူးဟာ။ နောက်နှစ်ဝက်ဆို ငါတို့က စာတွေနဲ့အလုပ်များနေတော့မှာဆိုတော့၊ နင်အလုပ်လုပ်ရဖို့ အားရှိတော့မှာ မဟုတ်ဘူးလေ။"

  "ဒါပေမဲ့ ငါပိုက်ဆံတွေ အများကြီး ဆုံးရှုံးသွားရတာလေ။" ဆုန်ရန်မှာ စိတ်ဓာတ်ထိုးကျနေလေတယ်။ ထိုအကြောင်း တွေးမိလိုက်တိုင်း၊ ဖိအားများလာလေတော့၏။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now