အပိုင်း(၅၀)

608 59 0
                                    

အပိုင်း(၅၀)

  ဆုန်ရန်က မန်နေဂျာကိုတောင် အသိမပေးလိုက်ဘဲ ဆိုင်ထဲကနေ ပြေးထွက်လာမိတော့မလို့။

  ကျန်းလင်အိမ်က အနီးနားကပဲဆိုတော့၊ မိနစ်နှစ်ဆယ် တက္ကစီစီးလာရုံဖြင့် ရောက်သွားလေတယ်။

  တက္ကစီထဲ၌၊ ဆုန်ရန်က အတော်လေး စိတ်ပူနေကာ လုကော ဘယ်လိုနေလဲလို့ ကျန်းလင်အား မေးမြန်းလာလေ၏။

  ကျန်းလင်က သူ့ကိုမြန်မြန်နှစ်သိမ့်ပေးလာပြီး၊ "အရမ်းမဆိုးပါဘူး၊ နည်းနည်းလေး...နည်းနည်းလေး ဒဏ်ရာရထားရုံပါ..."

  "ဒဏ်ရာရတယ်!" ဆုန်ရန့်မျက်နှာက ချက်ချင်းဖြူဖျော့သွားပြီး၊ "ဘယ်လို...ဘယ်လိုလုပ် ဒဏ်ရာရသွားရတာလဲ?" လို့ တုန်ရီနေတဲ့အသံဖြင့် မေးလာလေတယ်။

  မနေ့တုန်းက လုမူရှန်းက မြို့တော်ကိုသွားပြီး ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုက်ခဲ့လေတယ်။ သူက ပြိုင်ဖို့သွားတာမဟုတ်ဘဲ၊ ယွမ်၅သောင်းရဖို့ သွားတာဖြစ်ရမယ်လို့ ကျန်းလင်ထင်နေလေတယ်။

  အဆုံးမှာတော့ သူ ပထမဆု ရယူနိုင်ခဲ့တယ်ဆိုပေမဲ့၊ အတော်လေး ထိခိုက်ခဲ့ပါသေးတယ်။ သူပြန်လာတော့၊ အိမ်ကိုမပြန်ရဲဘဲ ကျန်းလင်အိမ်မှာသာ နေနေတော့သည်။

  ကျန်းလင်က ဆေးရုံသွားပြီး စစ်ဆေးကြည့်ခိုင်းပေမဲ့၊ လုမူရှန်းက သူအဆင်ပြေတယ်လို့ပြောပြီး မသွားခဲ့လေဘူး။ ကျန်းလင်လည်း ရွေးချယ်စရာမရှိတော့တာကြောင့် ဆုန်ရန်ဆီ အပြေးလာခဲ့ရလေတယ်။

  ဒါကိုဆုန်ရန်ကြားတော့၊ သူမမှာ မှင်သက်သွားရကာ၊ "သူ...သူက ဘာလို့ အဲ့လိုပြိုင်ပွဲမျိုးမှာ ဝင်ပြိုင်ချင်ရတာလဲ?"

  "မင်းကြောင့်မဟုတ်လား။" လို့ ကျန်းလင်က ထုတ်ပြောမိသွားလေတယ်။

  ဆုန်ရန်မှာ တောင့်ခဲသွားပြီး ကျန်းလင်အား ကြောင်အအကြီး ကြည့်လာလေတယ်။

  ကျန်းလင်လည်း ပြောပြီးသွားပြီဆိုတော့၊ ပြန်ရုတ်သိမ်းလို့ မရနိုင်တော့ဘူး။ သူက ခေါင်းကုတ်လိုက်ကာ: "လုကောက၊ အစတုန်းကတော့ မင်းကိုမပြောပြခိုင်းဘူး၊ ဒါပေမဲ့ ပွဲလည်းပြီးသွားပြီ၊ မင်းလည်းမကြာခင် အကုန်သိရတော့မှာလေ။ သူက ပြိုင်ပွဲဝင်ပြိုင်ခဲ့တာက ပိုက်ဆံရဖို့အတွက်ပဲ။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now