အပိုင်း(၆၁)

413 57 0
                                    


အပိုင်း(၆၁)

လုမူရှန်းက အထဲဝင်လာကာ အဝတ်အိတ်ကို ချထားလိုက်လေသည်။

သူ ကိုယ်လှည့်ကြည့်လာချိန်၊ ဆုန်ရန်က တံခါးနားမှာပဲ ရပ်နေသေးတယ်ဆိုတာကို မြင်တော့၊ လက်ယမ်းပြလိုက်ကာ၊  "ဘာလို့အဲ့မှာရပ်နေတာတုန်း? ဝင်လာခဲ့လေ။"

ဆုန်ရန်လည်း အသိစိတ်ပြန်ဝင်လာကာ အထဲဝင်လာလေတယ်။

အခန်းကကြီးမားလှသလို အိပ်ရာကလည်း ကြီးလှလေ၏။

ဒါပေမဲ့ ပြဿနာက အိပ်ရာနှစ်ခု တကယ်ကြီးရှိနေတယ်ဟ??

လုမူရှန်းနဲ့အတူ ရက်နည်းနည်းလောက် ခရီးထွက်မယ်ဆိုကြောင်း လော့လင်နဲ့ မနေ့ညက ဖုန်းပြောဖြစ်ခဲ့ကြ၏။ လော့လင်က စုံတွဲတွေခရီးထွက်လို့ အိပ်ရာတစ်ခုတည်း အတူတူအိပ်ကြမယ်ဆိုရင်၊ မတော်တဆမှုလေးတွေ ဖြစ်တတ်ကြတယ်ဆိုကြောင်း သူမကို သတိပေးလာပါလေတယ်။

ဆုန်ရန်ကလည်း လုကောကသာ အဲ့တာကို သူမနဲ့အတူလုပ်ချင်မယ်ဆိုရင်၊ သူမမငြင်းလိုက်ဘူးလို့ တွေးထားခဲ့တာ။

သို့သော်၊ ဒီအချိန်၌ ဒီမြင်ကွင်းကိုမြင်လိုက်ရချိန် သူမမှာ အနည်းငယ် ကြောင်အသွားမိလေသည်။

လုကောက သူမကို ကာကွယ်နေတာလား သူ့ကိုယ်သူကာကွယ်နေတာလားဟ?

"နောက်ကျနေပြီ၊ ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ အိပ်ရာဝင်တော့လေ။ မနက်ကျ ကိုယ်တို့ တောင်ကိုသွားပြီး ဆော့ကြဦးမှာ။" လုမူရှန်းက ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ချလိုက်ပြီး ဆုန်ရန်အတွက် အဝတ်အိတ်ကို ဖွင့်ကူလိုက်တယ်။ သူက ဒီလိုလုပ်ရတာမှာ အရမ်းတရင်းတနှီးရှိနေပြီး သူမအတွက် လိုအပ်တဲ့ တစ်ကိုယ်ရေသန့်စင်မှုပစ္စည်းတွေ(သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသစ်ဆေး စသည်တို့)ကိုတောင် ထုတ်ယူပေးလာလေတယ်။ တစ်ကိုယ်ရေသန့်စင်မှုပစ္စည်းတွေ ထုတ်ပေးပြီးသွားတော့၊ သူမရဲ့ ညအိပ်ဝတ်စုံကို ထုတ်ယူပေးလိုက်ကာ၊ သူမထံ လှမ်းပေးလိုက်ပြီး၊ "မင်းအရင်သန့်စင်လိုက်။ ကိုယ်မနက်ဖြန်သွားမယ့်ခရီးအတွက် ကြိုတင်ပြင်ဆင်ထားလိုက်ဦးမယ်။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now