အပိုင်း(၄၁)

688 68 2
                                    

အပိုင်း(၄၁)

  ဒီပတ်ဝန်းကျင်မှာ နေထိုင်ဖို့က မကောင်းလှလေဘူးလို့ အမေလုခံစားမိလိုက်တာဖြစ်လေတယ်။ သူမမိသားစုမှာ အိမ်လွတ်တစ်လုံးရှိနေတော့၊ သူမက သိပ်ပြီးများများစားစား မပူပန်မိလိုက်ဘဲ၊ ဒီလိုအကြံပေးလိုက်မိတာဖြစ်လေတယ်၊၊

  အခု သူမသားပြောတာကြားတော့မှသာ၊ သူမပြောမိတာကို ပြန်သဘောပေါက်မိလိုက်ကာ ချက်ချင်း ပြောနေတာ ရပ်ပစ်လိုက်တယ်။

  လုမူရှန်းက ဆိုဖာနားရပ်နေလိုက်တယ်၊ သူက ခေါင်းငုံ့ကာ သူ့အမေကို ပြောပြလာလေတယ်၊ "အမေ၊ သား ရန်ရန်ကိုသွားကြည့်လိုက်ဦးမယ်။ ဒီမှာ ခဏလောက် ‌ထိုင်စောင့်နေလိုက်ဦး‌။"

  အမေလုက ခေါင်းညိတ်လိုက်ကာ၊ "သွားသွား ရန်ရန်ကို သွားကူပေးလိုက်ဦး။"

  လုမူရှန်းလည်း ‌ဆုန်ရန်အခန်းဆီ လျှောက်လာခဲ့လိုက်တယ်။ တံခါးကိုပိတ်ထားလေတော့၊ သူက တွန်းဖွင့်ဝင်လာလိုက်တယ်။

  ဆုန်ရန်လည်း ပစ္စည်းအကုန်လုံးနီးပါး ထုတ်ပိုးပြီးခါနီးနေလေပြီ၊ သူမက ဖြစ်ခဲ့တာတွေကိုတွေးပြီး၊ ဗီရိုရှေ့မှာ ငုတ်တုတ်ထိုင်နေလေတယ်။

  ဗီရိုကတော့ သူမကိုယ်တိုင် ဝယ်ယူခဲ့တဲ့ အဝတ်ဗီရိုဖြစ်လေတယ်။
ဗီရိုလေးက ခေါက်ချိုးလို့ရပြီး အခန်းထဲမှာ နေရာအသေးလေးပဲ ယူနိုင်လေတယ်။

  လုမူရှန်းက အထဲဝင်လာကာ၊ "အကူညီလိုသေးလား?"

  သူဝင်လာတာကို အသံကြားမိ‌လိုက်ပြီး၊ ဆုန်ရန်က ပြန်လှည့်မကြည့်လာဘဲ ပြန်ဖြေပေးလိုက်လေတယ်: "ပြီးခါနီးပြီ။ ခဏ‌ထိုင်စောင့်ပေးဦး။"

  ပြောပြီးတာနဲ့၊ အဝတ်ဗီရိုထဲကနေ ဂါဝန်တစ်ထည်ထုတ်ယူလိုက်ကာ၊ ခေါက်ပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်လေသည်။

  ဒါက ဆုန်ရန့်အခန်းထဲ လုမူရှန်းရောက်လာဖူးတာ ပထမဆုံးအကြိမ်ဖြစ်တယ်။ သူက လျှောက်ကြည့်ကြည့်လိုက်လေတယ်။ အခန်းကသေးပြီး ပရိဘောဂတွေက ဟောင်းနွမ်းနေလေပြီ၊ ဒါပေမဲ့ ဆုန်ရန်က ‌သေချာအလှဆင်ထားပါလေတယ်။

  ကုတင်ဘေးမှာတော့ ယုန်ပုံစံမီးအိမ်သေးလေးရှိနေလေတယ်။ မီးအိမ်အလင်းက အဝါနုရောင်လေးဖြစ်ကာ၊ ရှေးခေတ်အခန်းပုံစံ ခံစားချက်မျိုး ရနိုင်စေလေ၏။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now