အပိုင်း(၁)

2.9K 172 0
                                    

အပိုင်း(၁)

    "ဆုန်ရန်! နင်စာမသင်ချင်ရင် အခန်းထဲကထွက်သွားလိုက်!"

    ဆုန်ရန်က စားပွဲပေါ်မှောက်အိပ်နေချိန် စင်ပေါ်က မြေဖြူတောင့်က သူမနဖူးကို ပြင်းပြင်းထန်ထန်ထိမှန်လာပြီး၊ အင်္ဂလိပ်ဆရာမရဲ့ စိတ်တိုတကြီးဆဲဆိုသံတွေ နောက်ကလိုက်ပါထွက်ပေါ်လာလေတော့သည်။

    ဆုန်ရန်က အလွန်အိပ်မပျော်သွားသေးတာကြောင့်၊ ချက်ချင်း နိုးလာလေတော့သည်။

    မြေဖြူတောင့်ထိမှန်သွားတဲ့နဖူးကို နှိပ်လိုက်ရင်းနဲ့၊ သူမရဲ့လှပတဲ့မျက်ခုံးတွေက အနည်းငယ်တွန့်ကွေးလာကာ၊ စားပွဲပေါ်ကနေ ခေါင်းမော့လာလိုက်လေတယ်။

    ဆုန်ရန်အတန်းက အင်္ဂလိပ်ဆရာမက သူမတို့အတန်းပိုင်ဆရာမလည်းဖြစ်ကာ—နာမည်က ကျန်းချွန်းလီတဲ့။ သူမက ကျောင်းမှာအရမ်းစည်းကမ်းတင်းကြပ်လှပြီး၊ သူမကို: ဖျက်ဆီးသုတ်သင်ရေးသမားလို့ နာမည်ပြောင်ပေးထားလေတယ်။

    သူမအတန်းထဲ၊ သင်ခန်းစာသင်ကြားချိန် လူတိုင်းနားထောင်းပေးဖို့ လိုအပ်ပြီး၊ ဖုန်းမသုံးရသလို၊ အိပ်ခွင့်လည်းမရှိလေဘူး။

    အတိုချုပ်ပြောရရင်၊ မျက်လုံးထဲ သဲဝင်သွားလို့ မျက်စိမှိတ် ပွတ်ခွင့်လေးတောင် မပေးလေဘူး။

    များသောအားဖြင့် ကျန်းခွန်းလီရဲ့အတန်းချိန်မှာ ဆုန်ရန်က လိမ်မာနာခံတတ်လေတယ်၊ ဒါပေမဲ့ မနေ့ညတုန်းက အလုပ်လုပ်ပြီးတာနဲ့ အိပ်ပြန်အိပ်ချိန်မရခဲ့တာကြောင့်၊ သူမမှာ အိပ်ချင်နေလေတော့တယ်။

    အစောတုန်းက ကျန်းချွန်းလီနောက်ကျောပေးပြီး ကျောက်သင်ပုန်းပေါ် စာရေးလိုက်ချိန်တုန်းက၊ သူမကိုယ်သူမမထိန်းနိုင်တော့ဘဲ စားပွဲပေါ် မှောက်အိပ်လိုက်မိတာဖြစ်လေတယ်။

    ဆူငေါက်ခံရပြီး အနိုးခံလိုက်ရတာတောင်၊ သူ့စိတ်က ရှုပ်ထွေးနေတုန်းပါပဲ။

    ဆုန်ရန်ဘာတစ်ခွန်းမှမပြောလာတာကိုမြင်တော့၊ ကျန်းချွန်းလီမှာ ဒေါသထွက်ရလွန်းတာကြောင့် ပြာနှမ်းလာကာ၊ သူမအားလက်ညှိုးထိုးလာရင်း၊  "မင်းအတန်းမတက်ချင်ရင် ထွက်သွား! ဒီကအခြားသူတွေကို မင်းကြောင့် အနှောက်ယှက်မဖြစ်စေနဲ့!"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now