အပိုင်း(၈)

1.1K 137 4
                                    

အပိုင်း(၈)

    လုမူရှန်းအိမ်ပြန်ရောက်ချိန်၊ ၁၁နာရီတောင်ကျော်နေပြီ။ သူ့မိဘတွေက အိပ်နှင့်နေပြီး၊ သူ့အတွက် မီးမှိန်မှိန်လေး ဧည့်ခန်းထဲမှာ ဖွင့်ထားပေးလေတယ်။

    လုမူရှန်းက တံခါးကိုညင်ညင်သာသာပိတ်လိုက်ပြီး၊ ဖိနပ်လဲစီးပြီးနောက်၊ အပေါ်တက်ကို တိတ်တိတ်လေး တက်လာခဲ့လိုက်လေတယ်။

    အဝတ်စားချွတ်ပြီး ရေချိုးလိုက်တယ်။

    သန့်ရှင်းရေးလုပ်ပြီး အိပ်ရာဝင်ချိန်၊ ၁၂နာရီတောင်ကျော်သွားလေပြီ။

    ခေါင်းအုံးကိုမှီပြီး၊ သူ့ဖုန်းကို ဖွင့်ကြည့်လိုက်တယ်။

    စာကော missed callsကောမရှိနေဘဲ၊ ဖုန်းမျက်နှာပြင်က ရှင်းလင်းနေ၏။

    လုမူရှန်းက ကြည့်ပြီးသွားတာနဲ့၊ ဖုန်းကို ခေါင်းအုံးဘေးချထားလိုက်တယ်။

    အိပ်ဖို့အလျင်မလိုနေဘူး၊ သူက ကုတင်ဘေးစားပွဲဆီက စာအုပ်ကိုယူပြီး ဖတ်နေလိုက်တယ်။

    ဒါက နာမည်ကြီးနိုင်ငံခြားစာအုပ်တစ်အုပ်ဖြစ်လေတယ်။

    သူငယ်ငယ်လေးကတည်းက လုမူရှန်းက စာဖတ်ရတာသဘောကျလှလေတယ်။ များသောအားဖြင့်၊ညသူစာအုပါကိုင်လိုက်ပြီဆိုတာထဲ စာအုပ်ထဲ စိတ်မြောသွားတတ်လေတယ်။

    ဒါပေမဲ့ ဒီနေ့မှာတော့၊ စာအုပ်ကို အချိန်အကြာကြီးကိုင်ထားရင်း၊ နောက်စာမျက်နှာကို မလှန်လောနိုင်ဖြစ်နေလေ၏။

    စာကြောင်းနည်းနည်းလောက်ဖတ်ပြီးတာနဲ့၊ သူက သူ့ဖုန်းကို အလိုလိုလှမ်းကြည့်မိလိုက်လေတယ်။

    screen က မည်းမှောင်နေတုန်းပဲဖြစ်ပြီး ဘာစာမှမဝင်လာလေဘူး။

    ဆုန်ရန် လုမူရှန်းဖုန်းနံပါတ်ရထားကတည်းက၊ ညတိုင်း သူမအိပ်ရာမဝင်ခင် သူ့ထံစာပို့တတ်ပြီး၊ သူဘာလုပ်နေလဲမေးတတ်လေ့ရှိပြီး Good night ဆိုပြီးလည်း ပြောတတ်လေတယ်။

    အဲဒိီလိုရက်မျိုးက ရက်အတော်ကြာခဲ့လေတယ်။

    အရင်တုန်းက လုမူရှန်းမှာ ထူးထူးခြားခြားခံစားချက်မျိုး မရှိခဲ့ဖူးဆိုပေမဲ့၊ ဒီနေ့ သူ့ထံ ဆုန်ရန်စာပို့တာ ရုတ်တရက်ကြီးရပ်ပစ်လိုက်တော့၊ တစ်ခုခုက လိုအပ်နေသလိုမျိုး သူအမြဲခံစားနေရလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now