အပိုင်း(၃၄)

840 88 5
                                    

အပိုင်း(၃၄)

  တစ်နေ့မှာ လုမူရှန်းက သူမအိမ်ရှေ့ ရုတ်တရက်ကြီး ရောက်ချလာပါလိမ့်မယ်လို့၊ ဆုန်ခါ တစ်ခါမှ စိတ်ကူးမထားခဲ့မိလေဘူး။ 

  တံခါးကိုဖွင့်လိုက်လို့၊ လုမူရှန်းကိုမြင်လိုက်ရချိန်၊ သူမစိတ်ထဲ 'ဝုန်းခနဲ'ဖြစ်သွားလေကာ၊ အသိစိတ်ပျောက်သွားရလေတော့သည်။

  လုမူရှန်းကို ပြောပြလိုက်ဖို့ရယ် သူ့ကိုအိမ်ခေါ်လာပေးဖို့ရယ်ကို သူမဆုံးဖြတ်ထားပြီးသားဖြစ်လေတယ်။ ဒါပေမဲ့ ဒီလိုရုတ်ခြည်းဆန်တဲ့ပုံစံမျိုးဖြင့် ရောက်လာလိမ့်မယ်လို့တော့ သူမမထင်ထားခဲ့ပါဘူး။ သူက ဒီလိုရုတ်တရက်ကြီး ရောက်လာလိုက်တော့၊ သူမမှာ စိတ်ပိုင်ဆိုင်ရာ ပြင်ဆင်ခွင့်လေးတောင် မရလိုက်လေဘူး။

  သူမက တောင့်တောင့်ကြီးရပ်နေရင်း၊ လုမူရှန်းကို ငေးငေးငိုင်ငိုင် စိုက်ကြည့်နေလေတော့သည်။

  သူမတစ်ခုခုပြောလာသင့်တယ်လို့ ထင်မိပေမဲ့၊ သူမလည်ချောင်းတွေက ထုံကျင်ရောင်ကိုင်းနေပြီး၊ ဘာတစ်ခုမှ မပြောလာနိုင်လေဘူး။ 

  သူမရဲ့ပြောပြမရနိုင်တဲ့အားနည်းချက်ကြီးက ထိုးဆွခံလိုက်ရတဲ့အလား၊ တစ်ခဏတာအတွင်း၊ ဝမ်းနည်းပြီး၊ ကူကယ်ရာမဲ့ဖြစ်ကာ၊ ကြောက်ရွံ့လာလေတော့တယ်... ခံစားချက်ပေါင်းများစွာကလည်း စုပြုံလာလေတော့သည်။

  သူမလက်ထဲကအိတ်က ဘုတ်ခနဲပြုတ်ကျသွားကာ၊ လက်တွေကလည်း သူ့ကျောင်းဝတ်စုံစကပ်စကို အလိုလိုဆုပ်ကိုင်မိလိုက်လေသည်။

  လုမူရှန်းက သူမကိုကြည့်ပြီး အနားကို လျှောက်လာလေတယ်။

  သူက တစ်လှမ်းချင်းစီ လျှောက်လာနေတာဆိုပေမဲ့၊ သူလျှောက်လာတဲ့အလှမ်းတိုင်းက ဆုန်ရန့်ရင်ကို ချွန်ထက်နေတဲ့ဓားဖြင့် ထိုးဆွနေတဲ့အလားပဲ။

  ခဏတာအတွင်း၊ ဆုန်ရန်မှာ တစ်ကိုယ်လုံး ဟာလာဟင်းလင်းဖြစ်သွားတဲ့အလား၊ အရှက်ရ,ရလွန်းလို့ တွင်းတူးပြီး ပုန်းနေချင်လိုက်လေတယ်၊  သူမတစ်ဘဝလုံး အဲ့တွင်းထဲကနေတောင် ထွက်မလာချင်လေတော့ဘူး။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now