အပိုင်း(၆၄)

201 19 0
                                    

အပိုင်း(၆၄)

ဆုန်ရန်နဲ့လုမူရှန်းက နှင်းတောင်မှာ နှစ်ရက်နေခဲ့ပြီးနောက် ပေကျင်းကို ပြောင်းရတော့မှာဖြစ်လေတယ်။

သူမတို့ ခရီးထွက်လာတဲ့နေရာက ပေကျင်းနဲ့နီးလေတော့၊ အမြန်ရထားဖြင့်ဆို နှစ်နာရီအတွင်း ရောက်နိုင်လေသည်။

သူမ အိမ်ကနေထွက်လာချိန်၊ အမေလုက သူမကိုယ်တိုင်လုပ်ပေးထားတဲ့ သစ်သီးခြောက်တွေကို ဆုန်ရန့်ခရီးဆောင်အိတ်ထဲ ထည့်ပေးလာပါလေတယ်၊ အန်ကယ်လေးက လုပ်ခိုင်းထားတာဖြစ်လို့ ပေကျင်းကိုရောက်ရင် သူ့ဆီသွားပို့ပေးလိုက်ဉီးလို့ ပြောလာပါလေတယ်။

လုယန်းအိမ်ကိုသွားတဲ့လမ်းမှာ၊ ဆုန်ရန်က သစ်သီးခြောက်အထုပ်ကို ထုတ်ယူလိုက်ပြီး ကြည့်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်ပါလေတယ်: "အန်ကယ်လေးက ဒီလိုအချိုတွေကြိုက်မှန်း ငါတကယ်ကိုမယုံနိုင်သေးဘူးဟာ။"

မမျှော်လင့်ထားတာက၊ သူမပြောပြီးသွားတာနဲ့၊ လုမူရှန်းက ပြောပြလာလေတယ်: "သူ မကြိုက်ဘူး။"

"ဟမ်?" ဆုန်ရန်မှာ အံ့ဩသွားရကာ၊ "ဒါဆို သူက ဘာလို့အန်တီကို အများကြီးလုပ်ခိုင်းလိုက်တာတုန်း။"

"တစ်ယောက်ယောက်က ကြိုက်တာကြောင့်ပေါ့။"

ဆုန်ရန်: "..."

...

လုယန်းနေထိုင်တဲ့နေရာက ပေကျင်းက ဈေးအကြီးဆုံးတည်နေရာက အဆင့်မြင့်အဆောက်အဦးဖြစ်လေတယ်။ ပတ်ဝန်းကျင်အနေအထားက အတော်လေးကောင်းမွန်းလေ၏။ အရေးကြီးဆုံးသာက သွားရလွယ်ကူပြီး လုယန်းကုမ္ပဏီနဲ့လည်း နီးလှလေတယ်။

သူက မြင်ကွင်းကျယ်ကြီးရတဲ့ ၁၉ထပ်မှာ နေရတာကို သဘောကျလှလေသည်။

ဓာတ်လှေကားထဲ အချိန်အတော်ကြာ စီးခဲ့ပြီးနောက်၊ နောက်ဆုံးတော့ လိုရာခရီးဆီ ရောက်လာလေပြီ။

လုမူရှန်းက တံခါးနားလျှောက်လာပြီး ခေါင်းလောင်းတီးလိုက်လေတယ်။

လုယန်းအသံက အထဲကနေ ထွက်လာလေတယ်၊ "ဘယ်သူတုန်း?"

"ကျွန်တော်၊" လုမူရှန်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေပေးလိုက်ပါတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now