အပိုင်း(၇)

1.1K 144 8
                                    

အပိုင်း(၇)

    သူမပြောလိုက်မိတဲ့စကားကြောင့် ဆုန်ရန်က လိပ်ပြာမလုံဖြစ်နေလေတော့သည်။

    လုမူရှန်းက သူမအနာဂတ်ကောင်လေးဖြစ်လာလိမ့်မယ်လို့ သူမစိတ်ထဲ ယုံကြည်နေပြီသားဆိုပေမဲ့၊ အခုကတော့၊ သူက သူမကောင်လေးမဟုတ်သေးလေဘူး။

    ရုပ်ရှင်ရုံထဲမှောင်မည်းနေပြီး၊ screenပေါ်မှာ ကြော်ငြာပြသပေးနေလေသည်။

    ဆုန်ရန်စိတ်ထဲ ဂနာမငြိမ်ဖြစ်နေလေတော့သည်။

    အချိန်ကြာကြီး စိတ်ထဲရုန်းကန်နေရပြီးနောက်၊ နောက်ဆုံးတော့ သူမစိတ်ကိုမထိန်းထားနိုင်တော့ဘဲ လုမူရှန်းရဲ့အင်္ကျီစကို လှမ်းဆွဲမိလိုက်လေသည်။

    လုမူရှန်းက ခေါင်းလှည့်ကြည့်လာကာ၊ အသံတိုးတိုးဖြင့်မေးလာလေတယ်၊ "ဘာဖြစ်လို့လဲ?"

    ပိတ်ကားရဲ့အလင်းရောင်ဖျော့ဖျော့လေးအောက်မှာ၊ ဆုန်ရန်၏လှပတဲ့မျက်ဝန်းတွေက တလက်လက်တောက်ပနေပြီး၊ လုမူရှန်းကို မျက်တောင်မခပ်ကြည့်နေကာ၊ "အာ... နင်...ငါအစောတုန်းကပြောလိုက်တာကို နင်ကြားမိလိုက်လား?"

    သူမအသံကတိုးလွန်းနေပြီး၊ သူမမှာစိတ်လှုပ်တရှားဖြစ်နေလေတော့သည်။

    လုမူရှန်းကတော့ မအံ့ဩသွားလေဘူး၊ သူက ဒီလိုပြန်ဖြေလာပေးလိုက်လေတယ်: "ကြားလိုက်တယ်။"

    ဆုန်ရန့်နှလုံးခုန်သံတွေ မြန်ဆန်လာကာ၊ သူမက ရှင်းပြပေးချင်လာ‌လေပြီး၊ "ငါ..."

    "နောက်မှပြောကြတာပေါ့၊ ရုပ်ရှင်စတော့မယ်။" သူမပြောလို့မပြီးလိုက်ခင်၊ လုမူရှန်းက ရုတ်တရက်ကြီး ကြားဖြတ်ပြောလာလေသည်။

    ဆုန်ရန်က ပါးစပ်ဟပြီး အဲဒီမှာ ကြောင်တောင်တောင်ကြီးရပ်နေလေတယ်၊ ပြောမယ့်စကားတွေကို သူ့လည်ေချာင်းထဲမြိုသိပ်ထားရတာကြောင့်၊ စကားလုံးကတွေက အောက်လည်းမဆင်းနိုင် အပေါ်လည်းတက်မလာနိုင်ဖြစ်နေရလေတော့သည်။ ကြောင်လက်နဲ့ ကုတ်ခြစ်တာခံနေရတဲ့အလား၊ နေရထိုင်ရခက်လောက်အောင် ယားယံနေလေတော့သည်။  

    ပိတ်ကားပေါ်မှာ၊ ရုပ်ရှင်ကို တရားဝင်စတင်ပြသနေပါပြီ။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now