အပိုင်း(၄၆)

508 50 0
                                    

အပိုင်း(၄၆)

  ဘားမန်နေဂျာက ဆုန်ရန်ကို လစာတိုးပေးခဲ့လေသည်။ သူမက တစ်ညသီချင်းဆိုပေးရင် ယွမ်၄၀၀ရတတ်ပေမဲ့၊ အခုတော့ ယွမ်၅၀၀ဖြစ်သွားလေပြီ။ ပရိုအဆိုတော်တွေနဲ့ မယှဉ်နိုင်ဘူးဆိုပေမဲ့၊ ဆုန်ရန်ကတော့ ကျေနပ်နေပါပြီ။ နွေရာသီပိတ်ရက်ရောက်ပြီဆိုတော့၊ သူမလည်း နေ့တိုင်းလာလို့ရပြီလေ။

  လစာညှိနှိုင်းပြီးတာနဲ့၊ ဆုန်ရန်က စင်ပေါ်တက်ရန် ရှေ့နားထွက်လာခဲ့တော့မလို့။မန်နေဂျာက ရုတ်တရက်ကြီး သူမအား လှမ်းခေါ်လာလေတယ်၊ "ဆုန်ရန်၊ ခဏနေပါဦး-"

  ဆုန်ရန်လည်း ကိုယ်ပြန်လှည့်လာလိုက်ကာ၊ "ပြောစရာကျန်သေးလို့လား?"

  "အာ၊ အဲ့တာက..." မန်နေဂျာမှာ အနည်းငယ် ကသိကအောက်ဖြစ်နေလေကာ၊ ခဏကြာ ချီတုံ့ချချီဖြစ်နေပြီးနောက်၊ ပြောပြလာပါလေတယ်၊ "ဒီနေ့ မင်းအတွက် သီးသန့်ဧည့်သည်ရှိတယ်။ မင်းသီချင်းဆိုပြီးသွားချိန်ကျ၊ လောကဝတ်အနေနဲ့၊ သူနဲ့ဝိုင်တစ်ခွက်လောက် တိုက်ကြရအောင်တဲ့။"

  ဒါကိုကြားတော့ ဆုန်ရန်က မျက်မှောင်ကြှုတ်လိုက်ကာ၊ "ဘာလို့လဲ? ကျွန်မက သီချင်းပဲဆိုပြီး၊ အရက်မသောက်ဘူးလို့ ပြောထားတယ်လေ။"

  "ငါသိပါတယ်၊ ဒါပေမဲ့ ဒီနေ့ဧည့်သည်က အလေးစားခံလူလေ။ သူက မင်းကိုရှာနေတာ အတော်ကြာနေပြီ။ မင်းလည်းလာတာရှားတယ်ဆိုတော့၊ ဒီတစ်ကြိမ်တော့၊ ငါ့ကိုမျက်နှာသာပေးပါကွာ။ ဒီအပြင်၊ ဒီဧည့်သည်က အရမ်းသဘောထားကြီးတာနော်။ မင်းသာ သူနဲ့ခွက်တိုက်ပေးမယ်ဆိုရင်၊ သူက မင်းကို ဘော့နပ်ထပ်ပေးလိုက်မယ်၊ ဒါက မင်းတစ်လ‌လုပ်တာလောက် လုံလောက်တယ်ဟ။ ဒီအပြင်၊ မင်းလည်း ပိုက်ဆံလိုအပ်နေတယ်မဟုတ်လား။"

  ဆုန်ရန်မျက်နှာက အေးစက်လာကာ သူမက ဒီလိုပြောလာလိုက်တယ်: "ကျွန်မက ပိုက်ဆံလိုနေတယ်ဆိုပေမဲ့၊ ကျွန်မမပိုင်တာကိုတော့ ယူမှာမဟုတ်ဘူး။ ဒီကိုမလာခင်ကတည်းက ကျွန်မက သီချင်းပဲဆိုမှာ ကျန်တာဘာမှလုပ်မှာမဟုတ်ဘူးလို့ အစ်ကိုလင်းကို ပြောထားပြီးသားနော်။ ရှင်သာ ဆက်ပြီးတွန်းအားပေးနေရင်တော့၊ ကျွန်မ အခုချက်ချင်း အစ်ကိုလင်းကို ဖုန်းဆက်လိုက်မှာနော်-"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now