အပိုင်း(၅၃)

507 51 0
                                    


အပိုင်း(၅၃)

အသက်ဆယ့်ရှစ်နှစ်တုန်းက၊ ဆုန်ရန်ကို လုမူရှန်းပြောလာခဲ့တာက: အခုကစလို့၊ ကိုယ်ရှာသမျှပိုက်ဆံအားလုံးက မင်းအပိုင်တွေပါပဲတဲ့။

အရမ်းရိုးရှင်းလှတဲ့စကားလေးက လုမူရှန်းအတွက်တော့ တစ်ဘဝလုံးစာ ကတိမှတ်ချက်အဖြစ် ဖြစ်နေခဲ့လေသည်။

ဆုန်ရန်က ဘဏ်ကဒ်ကို လက်ခံခဲ့ပေမဲ့၊ မသုံးရက်တော့၊ အံဆွဲထဲထည့်ပြီး သိမ်းဆည်ထားလိုက်လေတယ်။

...

အထက်တန်းကျောင်းဒုတိယနှစ်ရဲ့ နွေရာသီပိတ်ရက်က အတော်လေးတိုတောင်းလှလေသည်။

ကျောင်းစဖွင့်တဲ့နေ့၊ ဆုန်ရန်က တရားဝင်စီနီယာအထက်တန်းကျောင်းသူ ဖြစ်လာခဲ့ပါပြီ။

အထက်တန်းကျောင်းစီနီယာနှစ်က ကျောင်သူ/ကျောင်းသားတော်တော်များများကို ခြောက်လှန့်ပစ်နေပါတယ်။

ရလာဒ်ကတော့၊ အထက်တန်းစီနီယာနှစ်ကိုရောက်ရော ကျောင်းသူ/ကျောင်းသားတော်တော်များများက အနည်းနဲ့အများ ပြောင်းလဲလာကြလေတယ်။

စာသင်ခန်းထဲ အရင်ကထက်တောင် ပိုတိတ်ဆိတ်လာလေတော့သည်။ တစ်ချက်ကြည့်ရုံဖြင့်၊ ကျောင်းသား/ကျောင်းသူတော်တော်များများက စာကို အလေးအနက်ထား လေ့လာနေတာကို မြင်တွေ့နိုင်လေတယ်။ စာလေ့လာရတာမကြိုက်တဲ့သူတွေတောင် အဆင့်ကောင်းတဲ့ကျောင်းသား/ကျောင်းသူတွေဆီက လေ့ကျင့်ခန်းစာအုပ်တွေငှားကြည့်တာတို့ နားမလည်တာတွေ မေးမြန်းတာတို့ လုပ်လာကြလေပြီ။

အတန်းအပြင်ကစင်္ကြံလမ်းကလည်း တိတ်ဆိတ်နေလေတော့သည်။ စင်္ကြံလမ်းမှာရပ်ပြီး ပထမနှစ် ဒုတိယနှစ်တုန်းကလိုမျိုး ပတ်ပတ်လည်လျှောက်ငေးကြည့်နေတဲ့ ကျောင်းသူ/ကျောင်းသားတစ်ချို့လည်း ရှိလေတယ်။

လေထုက တင်းမာနေပါလေတယ်။

လုကောက ချင်းဟွာတက္ကသိုလ်ကိုသွားမှာဆိုတာကို ဆုန်ရန်သိလေသည်။ သူ့ခြေရာကို သူမလိုက်မမှီနိုင်ဘူးဆိုပေမဲ့၊ ပေကျင်းကကျောင်းတစ်ကျောင်းကိုတော့ သူမ တက်ခွင့်ရနိုင်ဖို့ လိုလေမည်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now