အပိုင်း(၂၀)

1.3K 99 1
                                    

အပိုင်း(၂၀)

    အပေါ်ထပ်ကနေဆင်းလာချိန်၊ အတန်းစနေပြီလေ။

    လုမူရှန်းက ဆုန်ရန်တို့အခန်းတံခါးနားထိ လိုက်ပို့လိုက်ပြီးနောက်၊ "ဝင်တော့။"

    ဆုန်ရန်က နှုတ်ခမ်းစေ့ကာ သူ့အားတွန့်ဆုတ်တွန့်ဆုတ်ဖြစ်စွာ ကြည့်လာလေတော့သည်။

    "ကျောင်းပြီးရင်၊ ကိုယ်မင်းကိုလာရှာလိုက်မယ်။" လုမူရှန်းက ပြောလိုက်လေသည်။

    ဒါကိုကြားတော့၊ ဆုန်ရန်မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့် ပြန်လည်ပေါ်ထွက်လာကာ၊ "အင်း။"

    "ဝင်တော့။"

    ဆုန်ရန်ကခေါင်းညိတ်ပြကာ၊ ထူးထူးခြားခြား စကားနားထောင်နေပါလေတယ်။

    အခန်းထဲကို လှည့်ဝင်လာလိုက်တယ်။

    ဆုန်ရန်ဝင်သွားတာကိုမြင်တော့၊ လုမူရှန်းက သူ့အတန်းဆီ လျှောက်လာလိုက်တယ်။

    တိုက်ဆိုက်ချက်ပဲ။

    အတန်းကိုသွားတဲ့လမ်းမှာ၊ သန့်စင်ခန်းကပြန်လာတဲ့ချင်းဖန်နဲ့ ဆုံမိကြလေတယ်။

    အချစ်ပြိုင်ဘက်တွေဆုံမိကြတော့၊ လေထုက ပါးလွှာနေပါလေတယ်။

    နှစ်လှမ်းလောက်အကွာလောက်မယ်၊ ချင်းဖန်အသံက နောက်ကနေ ထွက်ပေါ်လာလေတယ်၊ "လုမူရှန်း"

    လုမူရှန်းက ရပ်လိုက်ပြီး၊ မျက်ခုံးပင့်လိုက်ကာ၊ "ပြောစရာရှိလို့လား?"

    ချင်းဖန်က သူ့ကိုကြည့်ရင်း တည့်တိုးပြောချလာပြလေတယ်: "မင်း ရန်ရန်ကိုကြိုက်နေတာလား?"

    လုမူရှန်း: "အင်း။"

    ချင်းဖန်က ပြုံးပြီး၊ "မင်းမျက်လုံးက ကောင်းသားပဲ၊ မင်းဒီကိုပြောင်းလာကတည်းက ငါတို့မိသားစုကရန်ရန်ကို ချောင်းနေခဲ့တာမလား?"

    လုမူရှန်းက ရှာလကာရည်တိုင်ကီတစ်ဝက်စာလောက် သောက်ခဲ့ပြီးလေပြီ။ ချင်းဖန်ရဲ့ “ငါတို့မိသားစုရန်ရန်” ဆိုတဲ့စကားစုက သေနတ်ပြောင်ဝဖြင့် လှမ်းရိုက်လိုက်သလိုပါပဲ၊ လုမူရှန်းက မျက်လုံးမှေးလာလိုက်ပြီး၊ ကိုယ်တွင်းလေထုဖိအားက ချက်ချင်းလျော့ချလာကာ၊ လေအေးတွေအား ထုတ်လွှင့်ပေးနေလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now