အပိုင်း(၅၈)

479 51 0
                                    


အပိုင်း(၅၈)

ကျောင်းတတိယနှစ်ရဲ့ပျင်းရိဖွယ်ကောင်းတဲ့ဘဝမှာ အခြေခံအချက်သုံးချက်ရှိပါလေတယ်: အိမ်၊ အတန်းနဲ့ ကန်တင်းပဲ။

ဖယ်ထုတ်ပစ်လို့ရတဲ့အတန်းတွေကို ဖယ်ထုတ်ပစ်လိုက်ကြပြီး ထိုနေရာမှာတော့ ဘာသာရပ်စကားနဲ့ သင်္ချာဘာသာတို့ကို အစားထိုးသင်ကြားပေးလေ၏။ ကံကောင်းတာက၊ ကာယအချိန်တစ်ခုကိုတော့ သူတို့အတွက် ချန်ထားပေးသေးလေသည်။ အဆုံးမှာတော့၊ တတိယနှစ်ဆိုတာက စာလေ့လာရုံတင်မကဘူး ရုပ်ပိုင်းဆိုင်ရာကိုပါ လေ့ကျင့်ပေးနေဖို့ လိုအပ်လေတယ်။

သင်ပုန်းမှာကပ်ထားတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရမယ့်နေ့ရက်စာရွက်တွေကို ဆွဲဖယ်ပစ်တိုင်း၊ စာမေးပွဲရောက်ဖို့ တစ်ရက်ပြီးတစ်ရက် နီးကပ်လာလေတော့၏။ မမြင်နိုင်တဲ့ဖိအားက ကျောင်းသား/ကျောင်းသူအားလုံးကို လေးလံထိုင်းမှိုင်းလာစေပြီး၊ ဘယ်သူမှ စိတ်အေးလက်အေးမနေရဲကြနေဘူး။

နိုဝင်ဘာ၌၊ ကျောင်းမှာ အကြိုစာမေးပွဲဖြေဆိုရလေမည်။

ဆုန်ရန်က အတန်းထဲ၌ အဆင့်၂၀ကြား အမြဲရထားလေတယ်၊ တစ်ခါတစ်လေ ပထမတန်းထဲဝင်နိုင်ပြီး တစ်ခါတစ်လေကျ ဒုတိယတန်းအောက်ကိုသာ ရောက်နေတတ်တော့၊ ရှေ့တိုးနိုင်ရန် ခက်ခဲနေလေတော့သည်။

‌တစ်နေ့ နေ့လယ်ခင်းတစ်ခု၌၊ ကျောင်းသား/ကျောင်းသူတွေက အနာဂတ်မှာ သူတို့တက်ချင်ကြတဲ့ မေဂျာတွေအကြောင်း အတူတူထိုင်ပြီး ဆွေးနွေးနေကြလေ၏။ ချိုးလင်လင်မှာတော့ တိကျတဲ့ပန်းတိုင်တစ်ခုရှိနေလေတယ်: "ငါကပြောဖို့မလိုဘူး။ နောက်လရောက်ရင်၊ မြို့တော်ကိုသွားပြီး ငါ့အိပ်မက်ကို အမိဖမ်းယူရမယ်!”

ချိုးလင်လင်က လှလွန်းလေတော့ ငယ်ငယ်လေးကတည်းက ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ဖူးလေတယ်။ ဇာတ်ကောင်အသေးလေးတွေဆိုပေမဲ့၊ သူမအား တီဗီပေါ်မှာ ပေါ်ခဲ့ဖူးတဲ့လူတစ်ယောက်လို့ မှတ်ယူနိုင်ပါလေတယ်၊ ဒီတော့ အထက်တန်းပထမနှစ်ကစလို့ သူမက အနုပညာကျောင်းကို ဝင်ခွင့်ရလောက်နိုင်တယ်ဆိုတာကို လူတိုင်းသိကြလေသည်။ 

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now