အပိုင်း(၂၄)

928 101 3
                                    

အပိုင်း(၂၄)

  အခန်းထဲကို လုမူရှန်း ပြန်သွားခဲ့ပြီးနောက်၊ အမေလုလည်း TVပိတ်ပြီး အပေါ်ထပ်ကို တက်လာခဲ့လိုက်လေတယ်။

  အခန်းထဲမှာ၊ မီးလင်းနေသေးပြီး၊ အဖေလုက ကုတင်ကိုမှီပြီး စာရွက်စာတမ်းတွေကို ဖတ်ရှုနေလေတယ်။

  အမေလုက ကုတင်နားလျှောက်လာကာ၊ သူမယောင်္ကျားလက်ကိုကိုင်ပြီး၊ စိတ်လှုပ်တရှား ပြောလာလေတယ်: "အစောတုန်းက အာမူ ကျွန်မကိုဘာပြောခဲ့လဲဆိုတာ ရှင်ခန့်မှန်းကြည့်လိုက်။"

  အဖေလုက လှမ်းမကြည့်လာဘဲ၊ မေးလာလိုက်တယ်: "သူဘာပြောခဲ့လို့လဲ?"

  အမေလုက ရယ်လိုက်ကာ၊ "အဲဒီကောင်လေး မိန်းကလေးတွေကို သဘောမကျမှာကို ကျွန်မစိတ်ပူနေခဲ့တာ။ ရှင့်သားက ငယ်ငယ်လေးကတည်းက မိန်းကလေးတွေနဲ့ ကစားရတာကို မကြိုက်ဘူးလေ။ အခုတော့၊ သူ့မှာ ကောင်မလေးတောင်ရနေပြီတဲ့။"

  အမေလုပြောတာကို ကြားတော့၊ အဖေလုက ချက်ချင်းခေါင်းမော့လာလေတော့သည်။

  သို့သော်၊ အမေလုနဲ့ယှဉ်ရင်၊ အဖေလုကတော့ မပျော်မရွှင်ဖြစ်နေပုံပဲ၊ မျက်မှောင်ကြှုတ်ပြီး ပြောလာလေတယ်: "အဲ့ကလေး အသက်ဘယ်လောက်ရှိသေးလို့လဲ၊ ဘယ်လိုကောင်မလေးမျိုး ရထားတာတဲ့လဲ?"

ထို့နောက်မှာတော့ သူပြောလာပါလေတယ်: "မဟုတ်သေးဘူး၊ နောက်မှ သူ့ကိုပြောပြီး လမ်းခွဲခိုင်းလိုက်ရမယ်။"

ပြောပြီးသွားတာနဲ့၊ စာရွက်စာတမ်းတွေကို ငုံ့ကြည့်လိုက်ကာ ရေရွတ်လာလိုက်တယ်၊ "စာမကြိုးစားဘဲ၊ ဘာတွေလျှောက်လုပ်နေတာလဲ?"

  အဖေလုပြောတာကိုကြားတော့၊ အမေလုမျက်နှာက အရုပ်ဆိုးလာကာ နှာမှုတ်လိုက်လေတော့တယ်၊ "ရှင်အလှည့်ကျ လုပ်လို့ရပြီး၊ ကျွန်မသားအလှည့်ကျ လုပ်လို့မရဘူးပေါ့လေ။ ရှင်အရင်တုန်းက သူတောင်းစားလိုမျိုး နောက်ကလိုက်ပိုးပန်ခဲ့တယ်ဆိုတာကို မေ့များမေ့သွားတာလား?"

  အမေလုက အရမ်းလှလေတယ်၊ ငယ်စဉ်တုန်းကတောင် ပိုတောင်လှခဲ့သေးတာပေါ့။

သူမက စိတ်ရင်းကောင်းကာ စာ‌လည်းတော်လေတယ်။ သူမငယ်စဉ်တုန်းက၊ အလယ်တန်းကျောင်းမှာ တစ်ကျောင်းလုံးပထမဆုကို ရခဲ့လေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now