အပိုင်း(၂၅)

970 95 3
                                    

အပိုင်း(၂၅)

  လုမူရှန်းက မနက်ကိုးနာရီကျ သူမအားလာခေါ်လိုက်မယ်လို့ ချိန်းဆိုထားခဲ့လေတယ်။

  ဒီတော့ မနက်ခင်းခုနစ်နာရီမှာ၊ ထလာလိုက်ပြီး၊ မျက်နှာသစ် သွားတိုက်လုပ်ကာ၊ မီးဖိုချောင်းထဲပြေးပြီး မနက်စာ ပြင်ဆင်လာလိုက်လေသည်။

  သူမအဖေမနက်စာ‌စားနေချိန်၊ သူမက အခန်းထဲပြန်ပြေးလာပြီး အဝတ်စားလဲလိုက်လေသည်။

  သူမအဝတ်ဗီရိုထဲ အဝတ်စားအများကြီးမရှိလေပါဘူး၊ ဒါပေမဲ့ သူမမှာအမြင်ရှိလေတော့၊ အဝတ်စားတိုင်းက လှပပြီး လိုက်ဖက်ညီနေလေတော့သည်။

  ဆုန်ရန်က ပုံမှန်ဆိုရင် ဝတ်စားဆင်ယင်တာနဲ့ပတ်သတ်လို့ ဒုက္ခမများရလေဘူး၊ ဒါပေမဲ့ ဒီနေ့မှာတော့ စိတ်ပူနေရလေတယ်။ သူမက အဝတ်စားတော်တော်များများကို လဲလိုက် ဝတ်ကြည့်လိုက်လုပ်နေရပြီး၊ နောက်ဆုံးမှာတော့ ... ခေါင်းတောင်ကိုက်လာရလေတော့တယ်။

  သူမက ကုတင်ပေါ်ထိုင်ကာ၊ လက်တစ်ဖက်ထဲ ပန်းဖျော့ရောင်ဂါဝန်လေးကိုကိုင်ထားပြီး၊ တစ်ဖက်မှာကျ တီရှပ်နဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို ကိုင်ဆောင်ထားလေတယ်။

  အဖျော့ရောင်ဂါဝန်လေးကိုပဲ ဝတ်သွားလိုက်ရမလား၊ သာမန်ဆန်ပြီး လွတ်လွတ်လပ်လပ်ရှိတဲ့ တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုပဲ ဝတ်သွားလိုက်သင့်လား?

  ဆုန်ရန်က အချိန်တစ်ခုတာလောက် တွေးရခက်နေလေတော့တယ်၊ အဖြေမရနိုင်နေမှတော့၊ နှစ်ထည်လုံးကို စမ်းဝတ်ကြည့်လိုက်ကာ၊ ဓာတ်ပုံရိုက်ပြီး လုမူရှန်းထံ ပို့ပေးလိုက်လေသည်။

  တစ်ဖက်မှာတော့၊ ဆုန်ရန်က စာပို့လိုက်ချိန်၊ လုမူရှန်းက အခုထိ မနိုးသေးလေဘူး၊ အခန်းလိုက်ကာတွေကို ချထားကာ၊ တစ်ခန်းလုံးက ပိတ်မှောင်နေလေတော့သည်။

  ကုဝင်ဘေးကဖုန်းက အသံမြည်လာတာကိုကြားတော့၊ မျက်လုံးဖွင့်မကြည့်လာဘဲ၊ ဖုန်းကိုလှမ်းယူလိုက်ကာ၊ သူ့လက်ထဲ ဆုပ်ကိုင်ထားလိုက်လေသည်။

  သူက ချက်ချင်း မျက်လုံးဖွင့်မလာလေဘူး၊ အရင်ဆုံး ကုတင်ဘေးကမီးအိမ်ကို လှမ်းဖွင့်လိုက်ပါလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now