အပိုင်း(၃၀)

902 79 1
                                    

အပိုင်း(၃၀)

  ဆုန်ရန်ပြောတာကိုကြားပြီး၊ လော့လင်မှာ ကြောင်အမ်းသွားရကာ၊ တအံ့တဩ မေးလာလေတယ်၊ "နင်အခုထိ မပြောပြရသေးဘူးပေါ့?"

  ဆုန်ရန်က ခေါင်းခါပြလာကာ၊ "င့ါမိသားစုအကြောင်း အခြားသူတွေကို ပြောပြရတာ ငါမကြိုက်ဘူးဆိုတာ နင်လည်းသိတယ်မဟုတ်လား။"

  ဒီလိုထုတ်ပြောလာချိန် ဂရုဏာထားသလိုကြည့်လာတတ်ကြလေတယ်၊ အဲဒီလိုအကြည့်မျိုးက သူမဘယ်လောက်တောင် သနားဖို့ကောင်းခဲ့လဲဆိုတာကို သတိပေးသလိုဖြစ်နေလေတော့၊ သူမက ထိုအကြည့်မျိုးတွေကို သဘောမကျလှလေဘူး၊၊

  "နင်ဘယ်လိုခံစားရလဲဆိုတာကို ငါနားလည်တယ်။" လော့လင်က ဆုန်ရန့်အကြောင်း အသိဆုံးလူဖြစ်လေ၏။ ဆုန်ရန်က တက်ကြွပြီး၊ အကောင်းမြင်ကာ သန်မာလှသူဆိုပေမဲ့၊ သူမက ကိုယ်ပိုင်တန်ဖိုးထားမှု ကြီးမားလွန်းလှသူလည်း ဖြစ်လေတယ်။

  သူမမိသားစုကြောင့်၊ ဘဝကမလွယ်ကူလှဘူးဆိုတာကို လူအများစုထက် ကောင်းကောင်းနားလည်နေခဲ့လေတယ်၊ ဒီတော့ သူမက အလုပ်ကြိုးစားလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်အသက်ရှင်နေထိုင်ခဲ့လေတော့သည်။

  ဒါပေမဲ့ အသက်ငယ်ရွယ်စဉ်မှာ မိဘတွေလမ်းခွဲလိုက်တဲ့ကိစ္စကြောင့် သူမရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေရှိနေခဲ့မယ်ဆိုတာကိုတော့ မငြင်းဆန်နိုင်ပါလေဘူး။ ထိရှလွယ်ကာ ကိုယ်ပိုင်တန်ဖိုးထားမှုမြင့်မားနေရခြင်းက အဲဒီဒဏ်ရာဒဏ်ချက်တွေကြောင့် ကျန်ရစ်ခဲ့တဲ့အမာရွတ်တွေပါပဲ။

  လော့လင်က ဆုန်ရန်လက်ကိုကိုင်ပြီး သူမအား ဖြောင်းဖျကြည့်ရန် ကြိုးစားလာလိုက်လေတယ်၊ "ဒါပေမဲ့ လုမူရှန်းက မတူဘူးလေ။ သူက နင်သဘောကျတဲ့လူ။ သူနဲ့နင်‌တွဲနေပြီဆိုမှတော့၊ ဒါက အပျော်သက်သက်မဟုတ်တော့ဘူးလေ၊ ဟုတ်တယ်မလား?"

  ဆုန်ရန်က ‌မြန်မြန်ခေါင်းခါပြလာပြီး၊ "သေချာပေါက် အဲဒီလိုမဟုတ်ဘူးပေါ့။"

  "ဟုတ်တယ်မလား? နင်က အဲဒီလူနဲ့ တစ်သက်လုံး အတူတူနေသွားချင်တဲ့လူဆိုမှတော့၊ နင့်မိသားစုကိစ္စအကြောင်း တစ်ဘဝလုံး ဖုံးဝှက်ထားလို့မရနိုင်ဘူးမလား?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now