အပိုင်း(၁၂)
ဆုန်ရန်က လုမူရှန်းဘေးထိုင်ချင်လေတော့၊ အဝေးပြောင်းထိုင်ရန် ငြင်းဆန်နေလေတော့သည်။
လုမူရှန်းမှာ မထိန်းနိုင်ဖြစ်သွားလေတော့၊ သက်ပြင်းချကာ၊ ဘာမှမပြောတော့ဘဲ၊ သူမကိုမေးလာလိုက်တယ်၊ "မင်းမေးချင်တာ ဘယ်တစ်ပုဒ်လဲ?"
"အမ်...ခဏ" ဆုန်ရန်က စာမလေ့လာထားလေဘူး။ လုမူရှန်း သူမကိုမေးလာတော့၊ သူမက စာရွက်လှန်လိုက်ပြီး၊ မေးခွန်းအနည်းငယ်ကိုထောက်ပြလိုက်ပြီး၊ "ဒါ၊ ဒါကော...အင်း၊ ဒီဟာကောပဲ။"
ထောက်ပြပြီးတာနဲ့၊ လုမူရှန်းကို ပြုံးပြီးကြည့်လာကာ၊"ငါအဲ့တာတွေမသိဘူး။"
လုမူရှန်းက ခေါင်းငုံ့ပြီး မေးခွန်းတွေကို လှမ်းကြည့်ကြည့်လိုက်လေသည်။ အဲ့တာက အရမ်းရိုးရှင်းတဲ့မေးခွန်းဖြစ်နေတော့၊ သူမေးကြည့်လိုက်လေတယ်၊ "ဘယ်နားမရတာလဲ?"
ဆုန်ရန်က မျက်တောင်ခပ်ကာ၊ "တစ်ပုဒ်လုံးပဲ။"
လုမူရှန်းမှာ ခဏလောက်ကြောင်သွားပြီးနောက်၊ သူ့ခေါင်းကိုမော့လာပြီး မယုံကြည်နိုင်ဖြစ်စွာ မေးလာလေတယ်၊ "တကယ်တစ်ပုဒ်လုံးလား?"
ဆုန်ရန်က ခေါင်းညိတ်ပြလာပြီး၊ "အင်း၊ ဟုတ်တယ်လေ!"
လုမူရှန်း: "..."
ဆုန်ရန် မသိလေတော့၊ လုမူရှန်းက သူမအား အခြေခံတွေကနေစပြီး ပြောပြပေးဖို့ လိုအပ်လေတယ်။ သူက စိတ်ရှည်ပြီး ဂရုတစိုက်ရှိလှကာ၊ စာရွက်ပေါ်မှာ ဖြေရှင်းနည်းတစ်ဆင့်ချင်းစီကို ချရေးပေးရင်း ရှင်းပြလာလိုက်တယ်။
သူ့ဖြူသွယ်တဲ့လက်ချောင်းတွေက အနက်ရောင်ဘော့ပင်ကို ကိုင်ဆောင်ထားပြီး၊ စာရွက်ပေါ်ကအရေးသားကလည်း ရှင်းလင်းလှပနေလေတော့သည်။
ဆုန်ရန်က မေးထောက်လိုက်ကာ၊ သူမခေါင်းကိုစောင်းပြီး၊ လုမူရှန်းရေးထားတဲ့စာလုံးတွေပေါ် အာရုံစိုက်နေပါလေတော့သည်။
ကြယ်တွေပြည့်နေတဲ့မျက်ဝန်းလေးဖြင့်၊ သူမက လုမူရှန်းကို ချီးကျူးလိုက်ပါလေတယ်၊ "လုမူရှန်း၊ နင့်လက်ရေးက တအားလှတာပဲ။"
YOU ARE READING
ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]
Romanceလုမူရှန်းကို ဆုန်ရန် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက၊ သူ့ကိုအပိုင်သိမ်းချင်ခဲ့တယ်၊၊ ဒီတော့ သူမက သူ့နောက် အသည်းအသန်လိုက်ပိုးပန်ခဲ့ပြီး၊ နေ့တိုင်း သူ့နောက် နောက်လိုက်လေးတစ်ဦးလိုမျိုး လိုက်လံခဲ့တယ်။ လက်ဆောင်တွေပို့တာတို့၊ သူ့ကို ချစ်ခြင်းထမင်းဘူးပေးတာတ...