အပိုင်း(၂၉)

779 71 0
                                    

အပိုင်း(၂၉)

  ဆုန်ရန်က လုမူရှန်းအိမ်မှာ ည၈နာရီထိုးတဲ့အထိ နေခဲ့လေတယ်၊ ညစာစားပြီး အမေလုနဲ့စကားပြောဆိုပြီးနောက်၊ နောက်ကျနေပြီဆိုတာကိုမြင်တော့ သူမက နှုတ်ဆက်ရန် ထလာခဲ့လိုက်တယ်။

  "သွားတော့မလို့လား?" အမေလုလည်း ဆိုဖာပေါ်ကနေ မြန်မြန်ထလာကာ၊ ဆုန်ရန်လက်ကိုကိုင်ပြီး၊ "နည်းနည်းလောက်ထပ်မနေတော့ဘူးလား?"

  ဆုန်ရန်က မျက်လုံးမှေးတဲ့အထိ ပြုံးပြလာကာ၊ "သမီးပြန်ရတော့မယ်၊ အန်တီ။ မနက်ဖြန် ကျောင်းတက်ရဦးမှာလေ။"

  မနက်ဖြန်က တနင်္လာနေ့ဖြစ်လေတယ်။ ဒါကိုအမေလုတွေးမိလိုက်တော့၊ သူမအား ဆက်မခေါ်ထားလိုက်လေတော့ဘူး။ အမေလုက ပြောလာလိုက်တယ်: "ဟုတ်ပြီလေ၊ ဒါဆို အန်တီလိုက်ပို့ပေးမယ်လေ၊ အန်တီအဝတ်သွားလဲလိုက်ဦးမယ်၊ ခဏစောင့်ပေးဦးနော်၊ ပြီးရင် သမီးကို အိမ်ပြန်လိုက်ပို့ပေးမယ်။"

  ကားမောင်းသမားက အိမ်ကိုပြန်ရန် ခွင့်ယူထားတော့၊ သူမကိုယ်တိုင်ပဲ လိုက်ပို့ပေးရတော့မယ်။

  အမေလုပြောပြီးတာနဲ့၊ သူမက ဆုန်ရန်လက်ကို လွှတ်ပေးလိုက်ကာ အပေါ်ထပ်သွားပြီး အဝတ်စားလဲရန် ပြင်လိုက်လေသည်။

  ဒါကိုမြင်တော့၊ ဆုန်ရန်မှာ စိတ်လှုပ်ရှားလာကာ၊ အမေလုလက်ကို မြန်မြန်လှမ်းဆွဲလိုက်ပြီး၊ "အန်တီ၊ အလုပ်ရှုပ်မခံနေပါနဲ့၊ သမီးဘာသာပဲ ပြန်လိုက်ပါ့မယ်။"

  အမေလုက ဒီတစ်ရက်လုံး သူမကိုဂရုစိုက်ပေးထားရ‌တာဆိုတော့၊ သူမအား ဆက်ပြီးအနှောက်ယှက်မပေးရဲပါလေတော့ဘူး။

  အမေလုက ခေါင်းခါပြလာကာ၊ "အဲဒီလိုမဖြစ်ဘူးလေ၊ အခုကမှောင်နေပြီ၊ သမီးတစ်ယောက်တည်း အန်တီဘယ်လိုလုပ်ပြန်လွှတ်ပေးရဲရမှာလဲ?" ထို့နောက်မှာတော့ ဆုန်ရန်လက်ကို ဆွဲဖယ်ပေးလိုက်ပြီး အပေါ်ထပ်ကို တက်လာခဲ့လိုက်လေသည်။

  သူမလှေကားထစ်နားရောက်တော့၊ လုမူရှန်းက အပေါ်ထပ်ကနေ ဆင်းလာလေပြီး၊ သူ့အမေနဲ့ ဆုန်ရန်တို့ပြောနေကြတာတွေကို ကြားမိလိုက်ပါလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now