အပိုင်း(၅၅)

456 54 0
                                    

အပိုင်း(၅၅)

ခေါင်မိုးထပ်မှာ အချိန်အတော်ကြာနေနေပြီးနောက်၊ ဆုန်ရန်စိတ်အခြေနေလည်း တည်ငြိမ်လာပါလေတယ်၊ လုမူရှန်းလည်း စိတ်အေးသွားကာ သူမအား အောက်ထပ်ကို ပြန်ဆင်းခိုင်းလိုက်ပါတယ်။

နှစ်ဦးသားက အပေါ်ထပ်ကနေ အတူဆင်းလာခဲ့ကြတယ်။ လုမူရှန်းအမူရာက အနည်းငယ် ထုံထိုင်းနေတာကိုမြင်တော့ ဆုန်ရန်က သူ့အား မေးလာလိုက်တယ်: "ငါ့အကြောင်းတွေးနေတာလား?"

လုမူရှန်းက သူမမျက်နှာလေးကို ငေးကြည့်လာပါလေတယ်။

ဆုန်ရန်က ရယ်မောလိုက်ကာ သူ့လက်ကိုကိုင်ပြီး နှစ်သိမ့်လိုက်ပါလေတယ်၊ "သိပ်မတွေးနေနဲ့။ ငါတောင် အဲ့အကြောင်း တွေးခဲတယ်လေ။ ဒီနေ့ရုတ်တရက်ကြီး စိတ်ခံစားချက်တွေ များသွားလို့သာ တွေးမိလိုက်တာပါ။"

လုမူရှန်းက သူမအား ငေးကြည့်နေကာ၊ မနေနိုင်ဘဲ သက်ပြင်းချလိုက်ပြီး ခေါင်းမော့လာလိုက်လေတယ်။ သူမပါးလေးကို ငြင်ငြင်သာသာပွတ်သပ်လိုက်ကာ အသံတိုးတိုးလေးဖြင့်၊ "ရန်ရန်၊ မင်းဘဝက တကယ်မလွယ်ကူဘူးပဲ။"

ဆုန်ရန်က ပြုံးပြလာကာ၊ "မလွယ်ကူဘူးလေ။ ဒါပေမဲ့ အရင်က ဗေဒင်ဆရာတစ်ယောက်က ငါ့ကို နိမိတ်ဖတ်ပေးဖူးတယ်၊ သူပြောတာတော့ ငါအသက်ဆယ့်ရှစ်နှစ်‌ပြည့်တာနဲ့ ငါ့ကံကြမ္မာက ပြောင်းလဲသွားလိမ့်မယ်တဲ့။ ဘုရားသခင်လည်း ငါ့အပေါ် ကောင်းချီပေးလာပြီး၊ ငါက အသက်မွေးလမ်းကြောင်းမှာလည်း အောင်မြင်မယ်၊ ပျော်ရွှင်တဲ့မိသားစုရယ်၊ ပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်ရေးရယ်ကို ရလိမ့်မယ်တဲ့၊ ပြီးတော့ အရေးကြီးဆုံးက၊ ငါက အနာဂတ်မှာ အရမ်းချမ်းသာလာလိမ့်မယ်လို့ သူပြောတယ်ဟ။"

"တကယ်လား?"

လုမူရှန်းက ပြုံးကာ သူမအား စိုက်ကြည့်လာလိုက်တယ်။

ဆုန်ရန်က ခေါင်းညိတ်ပြလိုက်ပြီး၊ "အဲ့ဆရာက အရမ်းတော်တာပဲ! ငါ့အိမ်ထောင်ရေးလမ်းကြောင်းက အရမ်းကောင်းလိမ့်မယ်တဲ့ အဲ့လူကလည်း ငါ့ကိုအရမ်းချစ်ပေးလိမ့်မယ်လို့ ပြောတယ်လေ။ ကြည့်ပါဦး၊ အခု ကွက်တိမဖြစ်နေဘူးလား?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now