အပိုင်း(၃၅)

894 91 9
                                    

အပိုင်း(၃၅)

  ရန်ရန်ပြောတာတွေက အမှန်တွေပဲဖြစ်လေတယ်၊ သူမကို သူပျိုးထောင်ပေးချင်ရင်တောင်၊ သူ့မိဘပိုက်ဆံတွေဖြင့်တော့ ပျိုးထောင်ပေးလို့ မဖြစ်လေဘူး။

  ဒီတော့၊ တနင်္ဂနွေနေ့ မနက်အစော၌၊ လုမူရှန်းက ကျန်းလင်ကို ဖုန်းခေါ်လိုက်ကာ တစ်နေရာ၌ တွေ့ဆုံရန် ချိန်းဆိုထားလိုက်လေသည်။

  ဒီလိုရှားလှတဲ့ပိတ်ရက်မျိုး၌၊ ကျန်းလင်က စောင်အောက်မှာလှဲနေသေးကာ၊ လုမူရှန်းပြောတာကိုကြားတော့၊ သူက အော်ဟစ်လိုက်ပါလေတယ်၊ "အစ်ကိုကြီး၊ အခုမှ ခြောက်နာရီပဲရှိသေးတယ်ဟ၊ ငါ့ကိုနည်းနည်းလောက် ဆက်အိပ်ခွင့်ပေးစမ်းပါကွာ!"

  လုမူရှန်းက သူပြောတာကို နားမထောင်လိုက်ဘဲ၊ ကုတင်ကထကာ၊ ရေချိုးခန်းဆီ လျှောက်ဝင်လာရင်း၊ "မြန်မြန်ထတော့၊ ငါတစ်နာရီအတွင်း အဲ့ကိုရောက်မယ်။"

  ပြောပြီးသွားတာနဲ့၊ ဖုန်းချပစ်လိုက်လေတယ်။

  ရန်ရန်ကိစ္စက လုမူရှန်းနှလုံးသားထဲ အတော်လေးနေရာယူထားလေတော့၊ သူ့မှာ နေရထိုင်ရခက်နေလေတော့တယ်။ သူက ပိုက်ဆံရှာကာ၊ ရန်ရန်အလုပ်မကြိုးစားဘဲနေနိုင်အောင် လုပ်ပေးချင်နေတော့တယ်။

  လုမူရှန်းက ကိုယ်လက်သန့်ရှင်းရေးကို ဆယ်မိနစ်အတွင်း မြန်မြန်လုပ်လိုက်လေတယ်။ သူက ကျောပိုးအိတ်ကို ပုခုံးမှာလွယ်ကာ အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်။

  အောက်ထပ်မှာ၊ အမေလုက အလုပ်သွားရမှာမို့ မနက်စာစားနေလေတယ်။ သူမသား အပေါ်ထပ်ကနေ ဆင်းလာတာကိုမြင်တော့၊ သူမမှာ အံ့ဩသွားရကာ မေးလာလိုက်တယ်၊ "ဘာလို့အစောကြီးထလာရတာလဲ? ဒီနေ့က တနင်္ဂနွေနေ့လေ။"

  "အပြင်သွားစရာရှိလို့။"

  ပြောရင်းဆင်းလာတော့၊ သူက အောက်ထပ်ကိုရောက်လာပါပြီ။

  အမေလုက ထိုင်ခုံကနေ ထရပ်လာကာ လုမူရှန်းကို ပြောလာလေတယ်၊ "သားမသွားခင် တစ်ခုခုစားသွားလိုက်ဦး။ သားအတွက် ပန်းကန်နဲ့တူသွားယူပေးမယ်။"

  လုမူရှန်းက ခေါင်းညိတ်ကာ ထမင်းစားပွဲဝိုင်းဆီ လျှောက်လာလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now