အပိုင်း(၆၇)

313 35 1
                                    

အပိုင်း(၆၇)

ဆုန်ရန်က သူမကိုယ်သူမ လုမူရှန်းအပေါ် ပေးလာလိုက်ဖို့ တကယ်စီစဉ်ထားပါလေသည်။

သူမက အရွယ်ရောက်လာပြီမို့ အဆင်သင့်ဖြစ်နေပါပြီ။

သို့သော်၊ သူမလည်း ပြောပြီးသွားရော၊ လုမူရှန်းက ရယ်မောလာပါလေတယ်။ သူက သူမအား မြတ်နိုးမှုအကြည့်လေးဖြင့်ကြည့်လာကာ၊ သူမပါးလေးကို သူ့လက်ချောင်းတွေဖြင့် ငြင်ငြင်သာသယ ပွတ်သပ်လိုက်ရင်း တီးတိုးပြောလာလေတယ်၊ "ရန်ရန်၊ မင်းကငယ်သေးတယ်လေ။"

ဆုန်ရန်မှာ ကြောင်အမ်းသွားကာ၊ သူဘာကိုပြောချင်လဲဆိုတာကို သဘောပေါက်လိုက်တော့၊ ပြန်ရန်တွေ့လိုက်ပါလေတယ်၊ "ငါ‌မငယ်တော့ဘူး!"

လုမူရှန်းက သူမခေါင်းလေးကို ချစ်ခင်စွာ ထိကိုင်လာပြီး၊ ပြုံးရင်းပြောလာလေတယ်၊ "ငယ်သေးတုန်းမို့၊ ကိုယ်က လက်တောင်မလွှတ်ပေးလိုက်ချင်ဘူး။"

သူပြောတာကို ကြားပြီးနောက် ဆုန်ရန်က နှုတ်ခမ်းဆူလိုက်ကာ: "ငါက တက္ကသိုလ်ကျောင်းသူ ဖြစ်နေပြီဟာကို။"

လုမူရှန်းက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ပြီး၊ ခေါင်းငုံ့ကာ ဆုန်ရန့်နှုတ်ခမ်းကို နမ်းလာလေသည်။ သူ့အနည်းငယ်အေးစက်တဲ့နှုတ်ခမ်းတွေက ဆုန်ရန့်နားနားကပ်ထားကာ၊ ရယ်သံလေးဖြငိ့ တီးတိုးပြောလာလေတယ်: "ရန်ရန်၊ ကိုယ်တို့မှာ ရှေ့ဆက်ရမယ့်ခရီးရှည်ကြီးရှိပါသေးတယ်၊ အလျင်လိုနေဖို့မလိုပါဘူးကွာ။"

ဆုန်ရန်မှာ ကြောင်အမ်းသွားကာ၊ ရုတ်တရက်ဆို ရှက်သွေးဖြာလာပြီး၊ "ငါ...ငါအလျင်မလိုနေပါဘူး!"

ဘယ်သူက...ဘယ်သူကအလျင်လိုနေလို့တုန်း...

လုမူရှန်းက ဆုန်ရန့်ရဲ့ရှက်သွေးဖြာသွားတဲ့အမူရာကိုကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလာလိုက်ပြီး၊ စိတ်အခြေနေ အတော်လေးကောင်းမွန်နေလေတော့သည်။

...

ပထမနှစ်တွေက အတန်းအများကြီးမတက်ရလေဘူး၊ ဆုန်ရန်တို့အတန်းက ကျောင်းသား/ကျောင်းသူများက ကျောင်းကောင်စီရယ် အသင်းအဖွဲ့ကိစ္စတွေရယ်နဲ့ တက်ကြွနေကြလေသည်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now