အပိုင်း(၅၉)

468 38 0
                                    


အပိုင်း(၅၉)

ဆုန်ရန်နဲ့လုမူရှန်းတို့ အိမ်ထဲဝင်လာကြတော့၊ ဆိုဖာပေါ်ထိုင်ကာ စကားပြောနေကြတဲ့ အဖေလုနဲ့လုယန်းကို မြင်လိုက်ရလေတယ်။ လုမူရှန်းက ထိုအနားကို ဆုန်ရန်အားခေါ်သွားလိုက်ချင်လေတယ်။ ဆုန်ရန်က နောက်ဆုတ်ပြီး တီးတိုးပြောလာလေတယ်၊ “အဲ့မသွားတာ အကောင်းဆုံးထင်တယ်နော်၊ နင့်အန်ကယ်လေးက စိတ်မကြည်နေပုံပဲ။ မီးဖိုထဲသွားပြီး အန်တီ့ကို ကူပေးလိုက်တာပဲ ကောင်းမယ်ထင်တယ်။"

ပြောပြီးတာနဲ့၊ လုမူရှန်းလက်ကိုဖယ်ပြီး မီးဖိုခန်းထဲ ပြေးသွားလိုက်လေတယ်။

မီးဖိုခန်းထဲမှာ၊ အမေလုက အာလူးလှီးနေလေတယ်၊ ဆုန်ရန်လည်း သူမအနားလျှောက်လာကာ၊ "အန်တီ၊ သမီးကူပေးမယ်လေ။"

အမေလုလှည့်ကြည့်လိုက်လို့ ဆုန်ရန်ကိုမြင်ရော၊ သူမက ချက်ချင်းရယ်မောလိုက်ကာ၊ "သမီးဘယ်တုန်းကရောက်တာလဲ"

"အခုလေးတင်ပဲ။" ဆုန်ရန်က စားပွဲပေါ်က ကြက်သွန်ဖြူကို ကောက်ကိုင်လိုက်ပြီး၊ "အန်တီ၊ ကြက်သွန်ဖြူကောလိုလားဟင်?"

"နည်းနည်းခွာဖို့လိုမယ်။" အမေလုက ပြုံးပြီးပြန်ဖြေလာလေတယ်။

အမေလုချက်ပြုတ်နေချိန် ကူညီပေးရတာကို ဆုန်ရန်သဘောကျလေတယ်။ အခေါက်ရေများလာတော့၊ ချွေးမနဲ့ ယောက္ခမတို့ကြား အချင်းချင်းနားလည်လာကြလေပြီ။

ဆုန်ရန်က ကြက်သွန်ဖြူခွာနေရင်းနဲ့၊ "အပြင်မှာ လုမူရှန်းအန်ကယ်လေးနဲ့ ဆုံခဲ့တယ်လေ။"

အမေလုက ပြုံးလိုက်ပြီး၊ "အင်း၊ သမီး မမြင်ဖူးသေးဘူးပဲ။ အာယန်းက ပုံမှန်ဆို ပေကျင်းမှာ အနေများတော့ ဒီကိုပြန်လာခဲတယ်လေ။"

သူမက ခေါင်းမော့ပြီး ဆုန်ရန်ကို ပြုံးပြလာကာ၊ "အန်ကယ်လေးကို နှုတ်ဆက်ခဲ့လိုက်လား?"

ဆုန်ရန်က ခေါင်းခါပြကာ၊ အနည်းငယ်ကြောက်ရွံ့နေဟန်ဖြင့် တီးတိုးပြောလာလေတယ်၊ "အန်ကယ်လေးကြည့်ရတာက ကြောက်ဖို့ကောင်းပုံပဲ။"

ဆုန်ရန်ကြောက်လန့်နေတာကို အမေလုမြင်တော့၊ သူမမှာ မထိန်းနိုင်ဘဲ ရယ်မောမိလိုက်ပြီး၊ ခေါင်းခါကာ၊ "သူက အရင်က ဒီလိုမဟုတ်ဘူးလေ။ အရင်က အရမ်းတက်ကြွတဲ့ကလေးမျိုးပေါ့၊ ဒါပေမဲ့ အရင်နှစ်တွေတုန်းက တစ်ခုခုဖြစ်ပျက်ခဲ့တယ်လေ။ သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးနောက်၊ သူ့စိတ်အခြေနေကလည်း ဒီလိုပြောင်းလဲသွားတော့တာပဲ။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now