အပိုင်း(၃၇)

782 73 0
                                    

အပိုင်း(၃၇)

  ဖုန်းက မြေပြင်ပေါ်ကို ဒုန်းခနဲ ပြုတ်ကျသွားလေတော့သည်။

  ချင်းဖန်၊ ဆုန်ရန်နဲ့ လုမူရှန်းမှာ ခဏတာ ကြောင်အမ်းသွားရလေ၏။

  ချင်းဖန်က ကျောက်ရွှယ်လီကို အထူးအဆန်ကြည့်လာပြီးနောက်၊ မြေ‌ပြင်ပေါ်ကျသွားတဲ့ဖုန်းကို လှမ်းကောက်ပေးလာလိုက်ကာ၊ သူမထံ ပြန်ပေးလိုက်လေတယ်၊ "အဆင်ပြေရဲ့လား?"

  ကျောက်ရွှယ်လီက သတိပြန်ဝင်လာကာ၊ သူအဆင်ပြေကြောင်း ခေါင်းခါပြလာလေတယ်၊ ဒါပေမဲ့ သူ့မျက်နှာကတော့ ဖြူဖျော့နေကာ၊ ဆုန်ရန်အား မျက်တောင်မခပ်ဘဲ ငေးကြည့်နေလေတော့သည်။

  တစ်ဖက်လူက သူမအား အထူးအဆန်ကြီးကြည့်နေတာကို ဆုန်ရန်ခံစားမိလေတော့၊ အနည်းငယ် နေရခက်လာရကာ၊ လုမူရှန်းလက်ကို လှမ်းဆွဲလာလိုက်လေတယ်။  

  လုမူရှန်းကလည်း နားလည်လေတော့၊ "သူငယ်ချင်းတွေ စောင့်နေကြလို့၊ အရင်သွားနှင့်တော့မယ်။"

  ချင်းဖန်က ခေါင်းညိတ်ကာ၊ "အင်း သွားတော့။"

  လုမူရှန်းက ဆုန်ရန့်လက်ကိုကိုင်ကာ  ဘေးအခန်းဆီ လျှောက်လာခဲ့လိုက်လေတယ်။

  သူထွက်သွားတာနဲ့၊ ချင်းဖန်က ကျောက်ရွှယ်လီကို ထူးဆန်းစွာ ကြည့်လာလိုက်ကာ၊ "သူတို့ကိုသိလို့လား?"

  ကျောက်ရွှယ်လီမှာ ပျာယာခတ်သွားလေပြီး၊ ချက်ချင်း ငြင်းဆိုလိုက်ပါလေတယ်၊ "မဟုတ်ပါဘူး! သားအတန်းဖော်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ! သူတို့ကို အခုမှ မြင်ဖူးရုံပါ!"

  ကျောက်ရွှယ်လီက အရမ်းစိတ်လှုပ်ရှားနေပေမဲ့၊ ချင်းဖန်ကတော့ သူမပြောတာကို သိပ်မယုံကြည်နိုင်ဖြစ်နေလေကာ၊ နားမလည်တဲ့အမူရာမျိုးဖြင့် မေးလာလေတယ်၊ "ကျွန်တော်က ဒီအတိုင်းမေးကြည့်တာကို၊ ဘာကိုအရမ်း စိတ်လှုပ်‌ရှားနေတာလဲ?"

  ကျောက်ရွှယ်လီက ကသိကအောက်ဖြစ်သွားပုံပေါ်ကာ ခြောက်ကပ်ကပ်‌ပြုံးပြလာလေတယ်၊ "ငါ... ငါက စိတ်လှုပ်ရှားနေတယ်လား?"

  ချင်းဖန်က မျက်မှောင်ကြှုတ်လိုက်ကာ၊ သူနဲ့ ဒီကိစ္စအကြောင်း ဆက်မပြောချင်လေတော့ဘူး၊ "အန်တီအရင်သွားနှင့်လိုက်၊ ကျွန်တော် အဖေ့ကို စောင့်နေလိုက်ဦးမယ်။"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now