အပိုင်း(၆၀)

259 37 0
                                    

အပိုင်း(၆၀)

နောက်တစ်နေ့ မနက်ခင်း၇နာရီ၌၊ ဆုန်ရန်က အောက်ထပ်က ကလေးရယ်သံကြောင့် နိုးလာပါလေတယ်။

ကုတင်ပေါ်ကထကာ၊ အပေါ်ထည်ဝတ်ပြီး ‌ပြတင်းပေါက်နား လျှောက်လာလေတယ်။

ပြတင်းပေါက်တံခါးကိုဖွင့်လိုက်တော့၊ ဆောင်းလေအေးတွေက အထဲဝင်လာလေတော့တယ်။ သူမမှာ ခိုက်ခိုက်တုန်သွားရကာ၊ အနွေးထည်ကို တင်းတင်းဆွဲကိုင်ထားပြီးတာနဲ့၊ ပြတင်းပေါက် ပြန်ပိတ်လိုက်ပါလေတယ်။

တံခါးခေါက်သံထွက်လာပြီးနောက်၊ သူမအဒေါ်အသံ ထွက်ပေါ်လာပါလေတယ်: "ရန်ရန်နိုးပြီလား? သမီးကောင်လေးရောက်နေပြီနော်။"

ဆုန်ရန်မှာ မှင်သက်သွားလေတော့တယ်။ ဒီလောက်အစောကြီးရောက်နေတာလား?

သူမလည်း မြန်မြန် ပြန်ဖြေလာလေတယ်၊ "သမီးအခုချက်ချင်း ဆင်းလာခဲ့လိုက်မယ်။"

လူတိုင်းက မွေးရပ်မြေက ဆွေမျိုးတွေ ကိုယ်တိုင်ဆောက်လုပ်ထားတဲ့အိမ်မှာ နေထိုင်ကြလေ၏။ မြို့တော်ကလို သုံးလွှာ လေးလွှာတွေလောက် နေရာမကျယ်နေပေမဲ့၊ သူ့ဟာသူတော့ ကျယ်ပါလေတယ်။

ဆုန်ရန်အခန်းထဲမှာ ရေချိူးခန်းသပ်သပ်ရှိလေတယ်။ သူမလည်း ရေချိူးခန်းထဲဝင်လာကာ၊ မျက်နှာမြန်မြန်သစ်လိုက်လေပြီး၊ အဝတ်စားမြန်မြန်လဲကာ အောက်ထပ်ဆင်းလာလိုက်တယ်။

သူမလည်းအောက်ထပ်ရောက်ရော၊ ခြံဝန်းထဲ၌ ဆွေမျိုးတွေက လုမူရှန်းကို ဝိုင်းထားကြတယ်ဆိုတာကို တွေ့လိုက်ရလေတယ်။

သူက အနက်ရောင်အပေါ်ထည်ရှည်ကြီးကို ဝတ်ဆင်ထားကာ အရပ်ရှည်ပြီး ချောမောလွန်းနေလေတယ်။

သူက ဆူညံပြီး လူတွေစုပြုံနေတာမျိုးကို ပုံမှန်ဆို သဘောမကျလှဘူးဆိုပေမဲ့၊ အခုတော့ လူတွေအများကြီး ဝိုင်းထားတာတောင် သူ့မျက်နှာပေါ်မှာ အပြုံးလေးတွဲခိုနေသေးပြီး စိတ်မရှည်တဲ့ပုံစံ လုံးဝမဖြစ်နေပါဘူး။

သူမအမျိုးတွေဖြစ်တာကြောင့်၊ သူက အတော်လေးစိတ်ရှည်ပေးနိုင်လေတယ်။

ဆုန်ရန်လည်း မနေနိုင်ဘဲ ပြုံးမိလိုက်ကာ၊ လုမူရှန်းအနား ဖြည်းဖြည်းချင်းစီ လျှောက်လာလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now