အပိုင်း(၃၃)

791 90 4
                                    

အပိုင်း(၃၃)

  ဖုန်းတစ်ဖက်၌၊ ဆုန်ရန်က ကုတင်ပေါ်လှဲရင်း လုမူရှန်းနဲ့ ဖုန်းပြောနေလေသည်။

  လုမူရှန်းက "ကိုယ်မင်းကိုချစ်တယ်" လို့ပြောလာချိန်၌၊ ဆုန်ရန့်မျက်လုံးတွေပြူးကျယ်သွားရကာ၊ သူမနားကြားမှားတာများလားလို့ တွေးနေမိလေတော့၏။

  ဖုန်းကိုကိုင်ထားတဲ့လက်က အနည်းငယ်တုန်ယင်လာကာ၊ သူမက တုန်ရီနေတဲ့အသံဖြင့် မေးလာလိုက်လေတယ်၊ "နင်...နင်...နင်ဘာပြောလိုက်တာလဲ?"

  ဖုန်းတစ်ဖက်က ခဏတာလောက် တိတ်ဆိတ်သွားလေတော့သည်။

  ဆုန်ရန်က ကုတင်ပေါ်ကနေ ထထိုင်လိုက်ကာ၊ ဖုန်းကိုကိုင်ထားတဲ့သူမလက်ဖဝါးက ချွေးတွေချွဲစိုနေလေတော့သည်။

  ဒီအသံကို သူမမကြားရတာ အချိန်အတော်ကြာနေပြီဆိုတော့၊ သူမမှာ ထင်ယောင်ထင်မှားဖြစ်တာများလားလို့တောင် တွေးနေမိလေတော့သည်။

  သူမဘက်က တစ်ခုခုပြောလာတော့မယ့်အချိန်၊ လုမူရှန်းအသံက ချိုသာကြည်လင်တဲ့ နွေဦးရေလေးအလား၊ အောရှရှအသံလေးက ဖုန်းတစ်ဖက်မှနေ ထွက်ပေါ်လာပါလေတယ်: "ဆုန်ရန်၊ ကိုယ်မင်းကိုချစ်တယ်။"

  ချစ်တယ်နဲ့ သဘောကျတယ်တို့ရဲ့ဆိုလိုရင်းက ကွဲပြားနေလေ၏။

  ဆုန်ရန်က ဒီတစ်ကြိမ်တော့ ရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်ရလေတယ်။ သူမက ကုတင်ပေါ်ထိုင်ကာ တစ်ခဏတာလောက် မှင်သက်နေလေတော့သည်။ လုမူရှန်းက 'ကိုယ်မင်းကိုချစ်တယ်' ‌လို့ပြောလာတာက၊ မီးပွားလေးတွေပေါက်ထွက်လာတဲ့အတိုင်း၊ သူမမှာ အလွန်အမင်းစိတ်လှုပ်ရှားနေရတယ်။

  "လုမူရှန်း၊ နင်..."

  "ရန်ရန်၊ ကိုယ်မင်းနဲ့တွေ့ချင်တယ်ယ" ဆုန်ရန်ပြောလို့မပြီးခင်မှာ၊ လုမူရှန်းက စကားဖြတ်ပြောလာပါလေတယ်။

  ဆုန်ရန်မှာ သူပြောတာကိုကြားပြီး အံ့ဩမှင်သက်သွားရလေတယ်၊ "အစော... အစောတုန်းက ငါတို့တွေ့ပြီးကြပြီ မဟုတ်လား?"

  လုမူရှန်းက ပြောလာလေတယ်၊ "အခု မင်းကိုထပ်တွေ့ချင်လို့၊ ကိုယ်မင်းကိုလာတွေ့လို့ရမလားဟင်?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now