အပိုင်း(၂)
လုမူရှန်း၊ အတန်း(၄)၊ အထက်တန်းဒုတိယနှစ်က၊ အရင်ရက်တွေတုန်းက မြို့တော်Sကနေ ကျောင်းပြောင်းလာခဲ့တာဖြစ်လေသည်။
သူ့အဖေက မွေးရပ်မြေဆီ အလုပ်ကူးပြောင်းခွင့်ကျလာတာကြောင့်၊ သူ့တစ်မိသားစုလုံးက သူ့နောက်လိုက်ပါလာခဲ့ကြတယ်လို့ ပြောကြတာပဲ။
လုမူရှန်းကျောင်းပြောင်းလာပြီးလို့ ပထမနှစ်ရက်မှာ၊ ကျောင်းထဲ ရုတ်ရုတ်သဲသဲတွေဖြစ်စေခဲ့လေတယ်၊ မိန်းကလေးတော်တော်များများက လုမူရှန်းကိုကြည့်ဖို့အတွက် အတန်း(၄)နား လျှောက်ပတ်နေခဲ့ကြလေတယ်။
ရက်နည်းနည်းလေးနဲ့၊ ချင်ဖန်ရဲ့ဖန်တစ်ဝက်ကျော်လောက်က ဆွဲဆောင်ခံလိုက်ရလေတော့တယ်။
"ဒီလိုကိစ္စကြီးအကြောင်း ငါဘာလို့တစ်စွန်းတစ်စလေးတောင် မရှိရ,ရတာလဲ?" သူ့သတင်းလက်ခံရရှိတဲ့နှုန်းထားကြောင့် ဆုန်ရန်မှာ အံ့ဩသွားရလေတော့တယ်!
လော့လင်က နှုတ်ခမ်းစေ့လိုက်ကာ "လွန်ခဲ့တဲ့နှစ်ရက်တုန်းက ငါနင့်ကိုအဲ့အကြောင်းပြောပြတုန်းက နင်အိပ်နေတာလေ၊ ဒီတော့ ငါလည်းနင့်မနှောက်ယှက်ဘဲနေနေလိုက်တယ်။"
"အာ?" ဆုန်ရန်က ပါးစပ်ဖွင့်လိုက်ပြီး၊ တစ်ခုခုပြောလိုက်ချင်ပေမဲ့၊ လော့လင်က ရုတ်တရက်ကြီး စားပွဲကိုရိုက်ချလိုက်ပြီး ပြောလာလေတယ်၊ "ဆရာကြီးလာပြီဟေ့!"
ဆုန်ရန်: "..."
အတန်းချိန်အတွင်း၊ ဆုန်ရန်က အတွေးများနေလေတော့တယ်၊ တစ်ဖက်လူ သူ့ကောင်လေးဖြစ်လာအောင် ငါဘယ်လိုလုပ်ရမှာလဲ?
သူမမှာ ပိုးပန်တာနဲ့ပတ်သတ်လို့ အတွေ့ကြုံမရှိနေဘူးလေ။
သူမဒီအကြောင်းကို အတန်းချိန်နှစ်ချိန်လုံးအတွင်း စဉ်းစားနေခဲ့တော့တာ။
ခေါင်းလောင်းသံမြည်လာတာနဲ့၊ ဆုန်ရန်က လော့လင်ကို ထိုင်ခုံကနေ ဆွဲခေါ်သွားလေတော့တယ်။
သူမဆွဲခေါ်ခံလိုက်ရချိန် လော့လင်က မှတ်စုစာအုပ်မှာ ရေးမှတ်နေတာ၊ "ဘိုးဘေး၊ နင်ဘာလုပ်နေတာလဲဟ?"
YOU ARE READING
ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]
Romanceလုမူရှန်းကို ဆုန်ရန် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက၊ သူ့ကိုအပိုင်သိမ်းချင်ခဲ့တယ်၊၊ ဒီတော့ သူမက သူ့နောက် အသည်းအသန်လိုက်ပိုးပန်ခဲ့ပြီး၊ နေ့တိုင်း သူ့နောက် နောက်လိုက်လေးတစ်ဦးလိုမျိုး လိုက်လံခဲ့တယ်။ လက်ဆောင်တွေပို့တာတို့၊ သူ့ကို ချစ်ခြင်းထမင်းဘူးပေးတာတ...