အပိုင်း(၉)

1.2K 128 2
                                    

သူ ငါ့ကိုစောင့်ဆိုင်းနေအောင် ငါလုပ်နိုင်ပါ့မလား?

အပိုင်း(၉)

    နေ့တစ်ဝက်တာလောက်ကို တိုက်ကွမ်ဒိုအားကစားရုံမှာပဲ စိတ်ထွက်ပေါက်ရှာနေခဲ့တော့၊ အိမ်ပြန်လာတဲ့လမ်းမှာ၊ လုမူရှန်းစိတ်တွေ အနည်းငယ်ငြိမ်သက်နိုင်ခဲ့ပါပြီ။

    ဒါပေမဲ့ သတိရချိန်တိုင်း၊ သူ့ဖုန်းကိုထုတ်ကာ ဖွင့်ကြည့်မိနေတုန်းပဲ။

    ငြိမ်သက်နေတဲ့ screenပေါ်မှာ၊ အဲဒီရင်းနှီးနေတဲ့နာမည်လေးက တစ်ခါမှထွက်ပေါ်မလာခဲ့လေဘူး။

    ‌လုမူရှန်းစိတ်ထဲ ပိတ်ဆို့ထားခံရတဲ့အလား ခံစားနေရလေသည်။

    အလျှော့မပေးဘူးလို့ သူပြောသွားခဲ့တာမဟုတ်ဘူးလား?

    ည၌၊ လုမူရှန်းက သူ့အိမ်ခေါင်းမိုးထိပ်ပန်းခြံထဲက ‌ခုံတန်းရှည်ပေါ်မှာလဲနေရင်း၊ သူ့နဖူးပေါ်ကို လက်တင်ထားကာ၊ မျက်တောင်မခပ်ဘဲ ကြယ်တွေကို ငေးကြည့်နေလေတော့သည်။

    ညကောင်းကင်မှာ ရွှန်းလဲ့လဲ့ကြယ်လေးတွေဖြင့် ပြည့်လျှံနေကာ၊ မျက်ဝန်းလှလှလေးတွေအလား တလက်လက်တောက်ပနေလေ၏။

    လုမူရှန်းက ဆုန်ရန်အကြောင်း တွေးမိလိုက်ပြန်လေတယ်။

    အဲဲဒီရွှန်းလဲ့လဲ့မျက်ဝန်းတွေက အရမ်းလှလေတယ်

    တကယ်တော့၊ သူ ဆုန်ရန်ကို သဘောကျနေတာများလား?

    ဒါပေမဲ့ သူသာသဘောမကျရင်၊ ဘာလို့ သူမအကြောင်းပဲ အမြဲတွေးမိနေရတာလဲ?

    ရုတ်တရက်ကြီး အဆက်သွယ်ရပ်ပစ်လိုက်တော့၊ သူ့စိတ်ထဲ နည်းနည်းဝမ်းနည်းနေမိလေတယ်။

    အင်း၊ နည်းနည်းထက်ပိုမယ်။

    အဲဒီညကတော့၊ လုမူရှန်း ထပ်ပြီးအိပ်ရေးပျက်တဲ့ညပါပဲ။ မနက်တစ်နာရီထိုးနေလေပြီ၊ သူကတော့ ကုတင်ပေါ်လှဲပြီး၊ တစ်ချက်တစ်ချက် ဖုန်းကိုလှမ်းလှမ်းကြည့်နေမိလေတယ်။ အဆုံးကျတော့၊ သူ့အပြုအမူက အရမ်းတုံးအပြီး မယုံနိုင်ဖွယ်ကောင်းနေတယ်လို့ သူခံစားရနေပြီး၊ သူ့မှာ စိတ်ဓာတ်ကျကာ ကသိကအောက်ဖြစ်နေလေတော့၊ ဖုန်းကိုပိတ်ချလိုက်ကာ၊ မျက်လုံးတွေကိုမှိတ်လာလိုက်ရင်း၊ အတင်းအိပ်ပျော်သွားအောင် ကြိုးစားလိုက်လေတော့သည်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now