အပိုင်း(၃၆)

732 77 0
                                    

အပိုင်း(၃၆)

  ဆုန်ရန်က လုမူရှန်းကို ကြောင်တောင်တောင်ကြီး ကြည့်လာလိုက်တယ်၊ စက္ကန့်တစ်ခုတာလောက် မှင်သက်သွားရပြီးနောက်၊ သူမက မြန်မြန်ခေါင်းခါပြလာလေတယ်၊ "မလိုငါဘူး၊ ငါ..."

  "ဆုန်ရန်၊ မင်း ကိုယ့်ကို ခိုင်းလို့ရတယ်မဟုတ်လား?"

  ဆုန်ရန်က အစကတော့ 'အဆင်ပြေတယ် ခဏတော့ ငါအလုပ်ဆင်းရတော့မှာ'လို့ ပြောလိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ သူမ ထုတ်မပြောလာနိုင်ခင်၊ လုမူရှန်းက စကားဖြတ်ပြောလာပါလေတယ်။

  သူ့လက်ကိုမြှောက်လာပြီး ဆုန်ရန်ရဲ့ရှုပ်ပွနေတဲ့ဆံပင်လေးကို နားနောက်သပ်တင်ပေးလိုက်ရင်း၊ ငြင်ငြင်သာသာပြောလာလေတယ်: "ရန်ရန်၊ မင်းအဝတ်အစားတွေ သွားလဲလိုက်နော်၊ ကိုယ်မင်းကိုလေးစားပေမဲ့၊ မင်း ကိုယ့်ကို စေခိုင်းလိုက်လို့တော့ရတယ်မဟုတ်လား?"

  သူ့အကြည့်က တည်မြဲနေကာ၊ ငြင်းဆန်ခွင့်လေးတောင် မရှိနေလေဘူး။

  ဆုန်ရန်က သူ့မျက်ဝန်းတွေကိုကြည့်ကာ၊ နှုတ်ခမ်းကိုက်လိုက်ပြီး၊ တိုးတိုးလေး ပြောလာလေတယ်၊ "အရမ်းပူမှာနော်။"

  လုမူရှန်းက ငြင်ငြင်သာသာ ချော့မော့လာလိုက်လေတယ်၊ "စိုးရိမ်စရာမလိုပါဘူး။"

  လုမူရှန်းရဲ့ငြင်သာတဲ့အမူရာက သူမနှလုံးသားကို တုန်ယင်လာစေတော့တယ်။ သူမက သူ့ကိုကြည့်လာလိုက်ကာ၊ ခဏလောက် တုန့်ဆိုင်းနေပြီးနောက်မှာတော့၊ လုမူရှန်းကို အဝတ်ချွတ်ပေးလိုက်ပါလေတယ်။

  လုမူရှန်းက pikachu ဝတ်ရုံပွပွကြီးကို သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်လိုက်တာကိုကြည့်ပြီး၊ ဆုန်ရန့်ရင်ထဲ တဆစ်ဆစ်နာကျင်လာရကာ၊ မျက်ရည်ဝဲကာ ငိုချမိလိုက်လေတော့သည်။

  လုမူရှန်းမြင်သွားမှာကို စိတ်ပူလေတော့၊ ခေါင်းလှည့်ပြီး မြန်မြန်သုတ်ပစ်လိုက်ပါလေတယ်။

  နောက်မှာရပ်နေတဲ့ကျန်းလင်က ဒါကိုမြင်တော့၊ သူ့မျက်ဝန်းတွေထဲ အံ့ဩသင့်မှုလေး ဖြတ်ပေါ်လာပါလေတယ်။

  ဆုန်ရန်က သူ့ကို မျက်လုံးမှိတ်အချက်ပြလာလိုက်ကာ၊ ပါးစပ်ဟပြီး၊ တောင်းဆိုလိုက်ပါလေတယ်၊ "မပြောနဲ့..."

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now