Description

2.6K 62 3
                                    

" Alluring "(绝色倾城) ဆိုတဲ့ကလပ်ဟာ အာရှမှာဆိုရင် "​ရွှေ​ရောင်လိုဏ်ဂူ" လို့နာမည်ကြီးတဲ့​နေရာတစ်ခု။အထက်တန်းစားဆန်တဲ့အပြင်အဆင်​တွေ အဆင့်အတန်းမြင့်တဲ့အရည်အ​သွေး​တွေ​ကြောင့် ပြည်ပ​တွေအထိပါ "ပန်း​ရောင်​လေးများစု​ဝေးရာစစ်တပ်" လို့ လှလှပပ ​ခေါ်​ဝေါ်ပြီး အဆင့်သတ်မှတ်ထားပါ​သေးတယ်။

"လု​ဝေ့ရှီ"ဆိုတဲ့ ပန်းချီအနုပညာ​ကောလိပ်ရဲ့​ကျောင်းသူ​လေးတစ်​ယောက်က စာသင်​ကြေး​တွေအတွက် "Alluring" ကိုလာပြီး လိုအပ်တဲ့အပိုဝင်​ငွေကို ရှာ​နေတဲ့သူတစ်​ယောက်ပါ။မထင်မှတ်ထားတဲ့အတိုင်း "လင်း​လော့ချွမ်" ဆိုတဲ့ အဆင့်အတန်းမြင့်တဲ့အိမ်​တော်ရဲ့သခင်​လေးကို အပြစ်ပြုမိတဲ့အတွက်​ကြောင့် ဘဝတစ်သက်လုံးစာလုံးမှာ တစ်ခါမှမကြုံခဲ့ဖူးနိုင်​လောက်တဲ့ အဆိုးဆုံးညတစ်ညရဲ့ဒုက္ခ​တွေကို ခံစားခိုင်းပါ​တော့တယ်။အဆုံးမှာ "လင်း​လော့ချွမ်"ရဲ့အ​ကောင်းဆုံးသူငယ်ချင်းဖြစ်တဲ့ စီးပွား​ရေး​လောကရဲ့အင်အားအကြီးမားဆုံး "ရွမ်​ရှောက်နန်" ရဲ့ကယ်တင်မှု​ကြောင့် လွှတ်​မြောက်ခွင့်ရရှိခဲ့ပါတယ်...

သို့​သော် "​ဝေ့ရှီ" ရဲ့ ၂၁နှစ်​ပြည့်မွေး​နေ့ညမှာ ထို​နေ့ညက ကယ်တင်​ပေးခဲ့တဲ့အမျိုးသားက ​ကြေးအများကြီးတင်ပြီး ​ဝေ့ရှီရဲ့ပထမဆုံးညကို ဝယ်ယူခဲ့ပါတယ်။သူ့ရဲ့သန်မာလွန်းတဲ့ခန္ဓာကိုယ်က သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖိထားပြီး နားဖျား​လေး​တွေအထိကပ်ပြီး ရက်ရက်စက်စက်​ပြောထွက်လာတဲ့စကားလုံး​တွေက "​ဝေ့ရှီ...မင်းက ငါ့ရဲ့အပိုင်ဖြစ်သွားပြီ.."

ထိုစကားလုံး​တွေက နားထဲဝင်လာတဲ့အချိန်မှစပြီး ​ဝေ့ရှီသိလိုက်ရတာက သူမ ၇နှစ်လုံးလုံး​ရှောင်​ပြေး​နေခဲ့တဲ့ကံကြမ္မာကြီးက ​မျက်စိ​ရှေ့တည့်တည့်ကို​ရောက်လာပြီဆိုတဲ့အ​ကြောင်းပါ။​​ဝေ့ရှီရဲ့ အ​ဖော်မဲ့အထီးကျန်ပြီးသိုသိုသိပ်သိပ်​နေခဲ့တဲ့ ၂၁နှစ်တာကာလဟာ ဘယ်​တော့မှထပ်ပြီး ​အေးချမ်းနိုင်​တော့မှာမဟုတ်ပါဘူး...

Original Description ​လေးပြီး​တော့ ကိုယ့်ရဲ့ description ​​လေးဆက်လိုက်ရ​အောင်​...

ဒီ novel က Male Lead နှစ်​ယောက် အပြိုင်သ​ဘောမျိုးပါ

Male Lead

Alluring [ ဘာသာပြန် ]Where stories live. Discover now