Chapter 48

178 12 2
                                    

နှလုံးသား​လေးလည်းကွဲ​ကြေ အဆုတ်ကလေးလည်း​ကြေမွ ( Part -1 )

​ဆောင်းဦးရာသီပွဲ​တော်ရက် နီးကပ်လာသည်နှင့်အမျှ မြို့​တော်ကြီးအနှံ့ ပွဲ​ငွေ့ပွဲသက်များ ပို၍အား​ကောင်းလာသည်။အထက်​ကောင်းကင်နတ်မင်းကြီးက လူ့​လောကကြီးထံမှ ​နေ့​ကောင်း​နေ့မြတ်များရှိ​လာ​စေလို့ခြင်းအလို့ငှာ ​တောင်းခံ​နေသည့်ဆု​တောင်းများကို ခံစားမိသွားပုံရပြီး မိုး​လေကင်းစင်​သော ​​နေသာသည့်ရက်စွဲများကို ရက်ရှည်​ဖြည့်ဆည်း​ပေး​နေ​သည်။

​ငြိမ်သက်​နေသည့် အိုင်​ရေပြင်ထက်တွင် ​အလင်းပြန်ထင်ဟပ်​နေသည့် ရွှေဝါ​ရောင်​နေ​ရောင်ခြည်က လူကို တ​ရေး​ရေးနှင့်အိပ်ငိုက်လာ​စေသည်။

ဝါးကုလားထိုင်​ပေါ်တွင်ထိုင်​နေသည့် လင်း​လော့ချွမ်က အ​ပေါ်ပိုင်းကို အဝတ်အစားမဲ့ဗလာကျင်းထားပြီး စိတ်နှစ်ကိုယ်နှစ်ပြီးပန်းချီဆွဲ​နေသည့်သူအား မမှင်မ​သွေ​ငေးကြည့်​နေရင်းက ရုတ်တရက် ဤ​ကောင်မ​လေး ပန်းချီစုတ်တံကိုကိုင်ထားသည့်ပုံစံက တကယ်ကို အကြည့်မလွဲနိုင်​အောင်လှလွန်းမှန်း သိလိုက်ရ၏။

​နေဝင်ရီတ​ရော​နေမင်းကြီးကို ​​နောက်ခံထားပြီး ကြည်လင်​တောက်ပ​နေသည့်​ရေပြင်ကြီးအပြင် မျက်ဝန်း​ရှေ့တွင်ရှိ​နေသည့်နှင်းလိုဖြူ​ဖွေး​နေ​သောသူ၏ မဲနယ်​ရောင်ဆံနွယ်စများက ​လေတစ်ချက်အလွင့်တိုင်းတွင် ပန်းချီစုတ်တံဖျားမှ​ပေါ့​ပေါ့ပါးပါးအ​မွှေးဖွား​လေးများနှယ် ဆွဲ​ဆောင်မှုပြင်းလွန်းလှသည့်ပုခုံးညှပ်ထက်တွင် ​ဆော့ကစားဟန်တလွင့်လွင့်ပျံဝဲ​နေ​သေးသည်။

ဘယ်သူကများ စိတ်နှစ်ပြီးအလုပ်လုပ်​နေသည့် အမျိုးသားများကသာ ခန့်ညားပြီးတည်ကြည်​ကြောင်း ​ပြောကြပါသနည်း။အမှန်တွင် အလုပ်ထဲစိတ်နှစ်ပြီးလုပ်​နေသည့် အမျိုးသမီးများလည်း အလားတူ ဆွဲ​ဆောင်မှုရှိကြသည်ပင်။

လင်း​လော့ချွမ်က မ​နေနိုင်​တော့သည့်အဆုံး အနားသို့​လျှောက်လာကာ တစ်သက်စာမလွှတ်​ပေးချင်​တော့သည့်အလား အ​နောက်ဘက်မှပူးပူးကပ်ကပ်သိုင်းဖက်လာသည်။​ဝေ့ရှီက ပြုံးလိုက်ပြီး ​ဆေး​ရောင်စက်များဖြင့် သူ့မျက်နှာထက် တို့ထိလိုက်ကာ စာရွက်​ပေါ်၌ချ​ရေး၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now