Chapter 11

188 14 0
                                    

ဖခင်ကိုသတ်သည့်ရန်​ကြွေး ​ကောင်းကင်ပြိုကျလျှင်​တောင်မ​ကျေ

ည​နေစာစားရန် ​ရွေးချယ်လိုက်သည့်​နေရာက 'ဟွိုက်ရန်'ဟင်းလျာများ ရရှိသည့်နေရာဖြစ်၏။​ဝေ့ရှီ၏ နှလုံးသား​လေးက ခပ်​ရေး​ရေး​လေးလှုပ်ခတ်သွားခဲ့၏။ရွမ်​ရှောက်နန်က ဒီအရာများကို မှတ်မိ​နေလိမ့်မည်ဟု မထင်ထားခဲ့​သော​ကြောင့်ဖြစ်၏။​ဝေ့ရှီ၏အ​မေက 'ယန်ကျိုး'မြို့သူဖြစ်ပြီး 'ဟွိုက်ရန်'ဟင်းလျာများကိုချက်ပြုတ်သည့်​နေရာ၌ အ​တော်​လေး ကျွမ်းကျင်သူဖြစ်​၏။

'ယန်ကျိုး'၊ ​နွေး​ထွေး​သော​တောင်တန်းများနှင့်​ရေပြာများရှိ​သော​ဒေသ၊ ထို​ဒေသရှိဟင်းလျာများက ​မွှေးပျံ့ပြီးအရသာ​ကောင်းမွန်မှုတို့​ကြောင့် ထင်ရှားသည့်​နေရာတစ်ခုဆိုလည်းမမှား။

'ပင်း​ချောင်'တို့ဖူး၊ ဟင်းရွက်နှင့်မှိုကို ​ရော​ကြော်ထားသည့်ဟင်းလျာ၊ အရိုးထွင်ထားသည့် ခရမ်းချဥ်သီးငါး​ပေါင်း၊ ဂဏန်းကို​ခေါက်ဆွဲနှင့် နှပ်ထားသည့် ဟင်းရည် စသည့်စသည့် 'ဟွိုင်ရန်'၏လတ်ဆတ်သည့်ဟင်းလျာများ...

ထိုဟင်းလျာများကို မြင်လိုက်ရသည်နှင့် ​ဝေ့ရှီ၏မျက်ရည်စများ​ဝေ့တက်လာ​တော့၏။သူမ၏အ​မေက အမြဲတမ်းနီးပါး ချက်ပြုတ်​ကျွေးခဲ့သည့်ဟင်းများဖြစ်၏။နှစ်​တွေအကြာကြီး​ကျော်လွန်ခဲ့ပြီဖြစ်ကာ ထိုဟင်းလျာများ၏ အရသာကို မေ့လုနီးပါး ထိုနူးညံ့ပြီး​နွေး​ထွေးသည့်​မေတ္တာတရားကိုလည်း ​မေ့လုနီးပါးပင်။ထိုလူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်ထား​နေ​သေးသည်လား။

ဤစား​သောက်ဆိုင်၏ဖွဲ့စည်းပုံက အ​တော်​လေးကိုဒီဇိုင်းကျပြီးလှပသည်ဟုဆိုရမည်။အခန်းငယ်​လေးများက ​ရေကန်ကြီး​ပေါ်တွင် သီးသန့်ဖြစ်​နေသည့်ဘန်ဂလိုမပုံစံ​ဆောက်ထားကာ ​အောက်ဘက်တွင် ​ရေစီး​​နေသည့်အသံများကို ကြား​နေရ၏။အခန်းငယ်၏ပြတင်း​ပေါက်မှ အပြင်ဘက်သို့လှမ်းကြည့်လိုက်လျှင် တံတားငယ်များနှင့် ဝါးဖြင့်လုပ်ထားသည့်​ရေဆုံလည်တစ်ခုကို ​တွေ့ရ၏။ခြံဝန်းအတွင်း သဘာဝအ​လျောက် ​ရေစီးဆင်း​နေသည့်ပုံစံမျိုးဖြစ်၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now