Chapter 56

234 17 2
                                    

လက်တစ်ကမ်းအလို၌ ရစ်ဝဲ​နေ​သော​သေဆုံးခြင်းတရား

"မင်းက သူ့ကို ကာကွယ်​ပေးချင်တယ်​ပေါ့...မင်းကိုကျ​တော့​ ဘယ်သူကလာကယ်​ပေးလို့လဲ?...မ​ကြောက်ပါနဲ့...ကိုယ် ဘယ်သူ့ကိုမှ ကြည့်ခိုင်းမှာမဟုတ်ဘူး...မင်းသာ ကိုယ့်အနားက​နေထွက်မသွားနဲ့...မင်းသာ အမြဲတမ်းကိုယ့်အနားမှာပဲ​​နေ...​ဝေ့ရှီ...ကိုယ် မင်းကို ဘယ်​​လောက်ထိလွမ်း​နေလဲဆိုတာ မင်းမသိလို့...မင်းကို ဖက်ထားချင်တာ...မင်းကို နမ်းရှိုက်ချင်တာ...မင်းစကား​ပြော​နေတဲ့သံ​လေး​တွေ နား​ထောင်ပြီး မင်းနဲ့ တစ်သက်လုံး အတူတူ​နေသွားချင်တာ...မင်းက ကိုယ့်အပိုင်...တစ်သက်လုံးအမြဲတမ်းအတွက် ကိုယ့်အပိုင်...မင်းက ကိုယ့်ရဲ့အမျိုးသမီး​လေး...​နောက်ဆိုရင် မင်းက ကိုယ့်ရဲ့ဇနီး​လေး...ကိုယ့်က​လေး​လေး​တွေရဲ့အ​မေဖြစ်မှာ...ကိုယ့်တို့ ဒီတစ်သက်စာလုံး လုံးဝလမ်းမခွဲ​တော့ဘူး...ထပ်ပြီးမခွဲခွာ​တော့ဘူးနော်.."

​ဝေ့ရှီက နားရွက်နှစ်ဖက်ကို အရူးတစ်​ယောက်လို လက်ဖြင့်အားကုန်ပိတ်အုပ်ထားမိပြီး မျက်ရည်များ​ကြောင့် အရာအားလုံးကလည်း ​ဝေဝါး​နေခဲ့သည်။

သူမ ဘယ်ကို​ရောက်​နေတာလဲ? သူက​ရော ထပ်ပြီးဘယ်​နေရာကို​ရောက်​နေ​တာလဲ?

မြင်လိုက်ရသည်က မိန်းက​လေးတစ်​ယောက်က အိစက်ညက်​ညောလှသည့်အိပ်ရာကြီးထက်တွင် ထိတ်လန့်တုန်လှုပ်စွာလှဲ​​​လျောင်း​နေရ၏။မျက်ဝန်းနှစ်ဖက်စလုံးက ပြုတ်ထွက်ကျလာ​တော့မည့်ပုလဲနှစ်လုံးအလား ကုတင်​ခေါင်းရင်း​ဘောင်​ပေါ်တွင် တင်ထားသည့်ဓါတ်ပုံကို လှမ်းကြည့်​နေ​လေသည်။ဓါတ်ပုံထဲတွင် သူမအား​ပွေ့ဖက်ပြီး အချိုသာဆုံးပြုံးပြ​နေခဲ့သည့်​ယောက်ျားက လက်ရှိအချိန်တွင် သူမ၏ခန္ဓာကိုယ်အ​ပေါ်၌ ဖိအုပ်ထားကာ လက်သည်းချွန်ချွန်များဖြင့် အရှင်လတ်လတ်အ​ရေခွံဆုတ်​နေ​လေ၏။

​ခြေလက်​လေးဖက်လုံးရှိ ​အရိုးအ​ကြောများ​ပျော့​ခွေ​နေခဲ့ကာ မျက်ရည်များက မိုးရွာ​နေသည့်အလားကျ​နေပြီး အသက်ရှင်ဖို့ရာလည်းအားမရှိ​တော့သလို ​သေဖို့ရာလည်းမတတ်နိုင်ခဲ့၏။သူမ၏ စိတ်ဝိဥာဥ်တစ်ခုလုံးက မျက်နှာကျက်တစ်ခွင် ​ဝေ့ဝဲပျံလွှား​နေပြီး ဆွဲငင်ပြီးငို​ကြွေး​နေသည့်အသံရှည်ကြီးကိုကြား​နေရကာ ထို​ယောက်ျား၏ သူမ၏နားရွက်ဖျားဆီသို့ကပ်ပြီး​ပြော​နေသည့် ဖွင့်ဟခြင်းများ ​ကျေနပ်ခြင်းများ သာယာခြင်းများအပြင် ငြီးညူသံများကိုပါ နား​ထောင်​နေရပြီး အဆုံးမရှိ​သောညှင်းပန်း​စော်ကားခြင်းများကို ပြု​နေခဲ့သည်။

Alluring [ ဘာသာပြန် ]Where stories live. Discover now