Chapter 39

262 20 2
                                    

သူရဲ​ကောင်း' က မိန်းမလှ​လေးကိုကယ်တင်ခြင်း

'​ကမ္ဘာကြီးတစ်ခုချင်းစီတိုင်းမှာ ကိုယ်စီ ကိုယ်စီ သူ့နတ်ဆိုးနဲ့သူ ရှိကြတာပဲ..ကိုယ့်ကမ္ဘာထဲမှာ ကိုယ်​နေသ၍​တော့ ဘယ်သူဘယ်ဝါက ကိုယ့်ရဲ့နတ်ဆိုးဆိုတာ သိ​​နေမှာ..ဒါ​ပေမယ့် ကမ္ဘာကြီးရဲ့စည်းကို​ကျော်လွန်လိုက်ရင်​တော့ ဘယ်သူက နတ်မင်းဖြစ်ပြီး ဘယ်သူက နတ်ဆိုးဆိုတာကို မခွဲနိုင်​တော့ဘူး...ဒါ​ပေမယ့်လည်း ကိစ္စမရှိပါဘူး​...ကမ္ဘာကြီးက ကိုယ့်အ​ပေါ်ကို မမျှတတဲ့နည်းလမ်း​တွေနဲ့ တရားစီရင်လာလို့ရှိရင် ကိုယ့်ဘက်က​နေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကမ္ဘာကြီးကို ပြန်ပြီး တရားစီရင်ပစ်ရုံ​ပေါ့'

​ဝေ့ရှီက ဤစာသားကို မှတ်စုစာအုပ်၏​နောက်ဆုံးစာမျက်နှာတွင်ချ​ရေးမှတ်လိုက်၏။ထို့​နောက် ​ခေါင်းကို​မော့ပြီး စာသင်ခန်းရှိ ပရိုဂျက်တာစခရင်ကို ဆက်၍ကြည့်နေလိုက်သည်။

ပ​ရော်ဖက်ဆာက မျက်မှန်ကိုပင့်ကာ ​လေဆာပွိုင့်ဖြင့် စခရင်ကိုညွှန်ပြရင်း

"ဒါက Michelangelo..အချိန် ​ခြောက်နှစ်ကြာ​အောင်ယူပြီး Sistine Chapel ဘုရား​ကျောင်းအတွက် အ​ပြောင်​မြောက်ဆုံးလက်ရာဖြစ်တဲ့ "The Last Judgment" ကိုဆွဲ​ပေးခဲ့တာ...'​နောက်ဆုံး​သောတရားစီရင်သည့်​နေ့'ရယ် Dante's Hell ကို အ​ခြေခံထားတဲ့အတွက်​ကြောင့် ဒီနာမည်ကို ​ပေးထားခဲ့တာ.."

(ပန်းချီဆရာကြီး Michelangelo ဆွဲတဲ့ 'The Last Judgment' ပန်းချီပါ..Sistine Chapel ဘုရား​ကျောင်းမှာ ဆွဲထားတာပါ ; ခရစ်ယာန်ဘာသာဝင် မဟုတ်တာမို့ အမှားပါရင် ခွင့်လွှတ်ပါ)

​ကျောင်းသားအချို့က လက်ကို​မြှောက်ပြီး ​မေးခွန်းများကို​မေးလာ၏။

"ပ​ရော်ဖက်ဆာ..ကျွန်​တော်ကြားဖူးတာ Michelangeloဆရာကြီးက ဒီနံရံ​ဆေး​ရေးပန်းချီဆွဲတဲ့အချိန်တုန်းက ပန်းချီထဲမှာပါတဲ့ လူ​ပေါင်း ၄၀၀​ကျော်လုံး အဝတ်အစားမဲ့တယ်ဆို...ဘာလို့ ဒီပုံ​ပေါ်မှာကျ လူတိုင်းလူတိုင်း 'က​လေး​သေးခံ​ဘောင်းဘီ' လို အဝတ်​တွေဝတ်ထားကြတာလဲ...ဆရာကြီးကများ နတ်ဘုရား​တွေ ပန်းချီကိုမြင်ပြီး အမြင်မ​သင့်​​တော်တာမျိုး​​တွေဖြစ်မှာစိုးလို့ ပြန်ထည့်​ပေးလိုက်တာလား"

Alluring [ ဘာသာပြန် ]Where stories live. Discover now