Chapter 34

152 15 0
                                    

- မင်း ​နေ​ကောင်းပြီးသွားရင် ငါတို့ အသက်​မွေးလမ်း​ကြောင်းတစ်ခုကို ​ပြောင်းကြမယ်

ည​နေခင်း ချီ​မော့ ပြန်​ရောက်လာသည့်အချိန်တွင် ​ရေချိုးခန်းအတွင်းမှလှုပ်ရှား​နေသည့်အသံများကိုကြား​နေရသဖြင့် မကြာခင်အလုပ်သွား​တော့မည့်ရူ​ဖေးအား ​မေးလိုက်၏။

"သူ အထဲမှာရှိ​နေတုန်းပဲလား"

ရူ​ဖေးက သက်ပြင်းတစ်ချက်ချပြီး

"အင်း...ကိုယ့်ကိုကိုယ်ပိတ်ထားတာ တစ်ည​နေခင်းလုံးပဲ"

"ဒီ​နေ့ဘာဖြစ်ခဲ့လို့လဲ"

ရူ​ဖေးက ​ဒေါသတကြီးအံကျိတ်ပြ၍

"တကယ်ကို ကံဆိုးမိုး​မှောင်ကျတာ...ဒီ​နေ့ အပြင်ထွက်ဖြစ်တာက အစက​တော့ သူ ​ကျောင်းအတွက်လိုအပ်တဲ့ပန်းချီပစ္စည်း​တွေ လိုက်ဝယ်​ပေးဖို့ကွာ...ထင်မထားသလိုပဲ... လမ်းမှာ ရွမ်​ရှောင်နန်ရဲ့ပုံနဲ့သူ့လုပ်ငန်းအ​ကြောင်း​တွေပါတဲ့ ​ကြေညာဘုတ်နဲ့တည့်တည့်တိုး​ရော...သူ ဂ​ယောင်​ခြောက်ခြားထပ်ဖြစ်သွားမှာစိုးပြီး ငါ့မှာအချိန်အကြာကြီး​စောင့်ကြည့်​ပေး​နေခဲ့ရတာ..​တော်​သေးတယ် ဘာမှထမဖြစ်လို့...ထပ်ပြီး​တော့ မထင်ထားတာကဖြစ်ပြန်​ရော...​လင်း​လော့ချွမ်ဆီကိုမှ ​ပြေးသွားခဲ့တာ​​လေ...ငါ သူ့ကိုလှမ်းကြည့်လိုက်​တော့ ဟို​ကောင်က သူ့ကိုလှမ်းဆွဲပြီး စကား​တွေ​ပြော​နေပြီ.."

ချီ​မော့က ​ရေချိုးခန်းဘက်သို့ စိတ်ညစ်ညူးသွားသလို လှမ်းကြည့်လိုက်ပြီး

"အဲ့တုန်းက​ရော လင်း​လော့ချွမ်ကို မှတ်မိ​လား.."

"​အဲ့အချိန်တုန်းက ချက်ချင်းမမှတ်မိဘူး...သိပ်မကြာလိုက်ပါဘူး စဥ်းစားရင်း စဥ်းစားရင်းနဲ့ ကိစ္စကြီးတစ်ခုလုံးပြန်မှတ်မိလာတာ​လေ...မဟုတ်ရင် အခုလိုလုပ်​နေပါ့မလား.."

ရူ​ဖေးက ချီ​မော့၏မျက်နှာကိုလှမ်းကြည့်ပြီး

"ဘာလို့ ထပ်ပြီးနီရဲ​နေရပြန်တာလဲ...မျက်လုံး​ရော ထိခိုက်မိ​သေးလား.."

ချီ​မော့က ​ခေါင်းရမ်းပြ၍

"နည်းနည်းပါးပါးပဲထိတာ..ဘာမှမဖြစ်ဘူး...အလုပ်သွားရင် ဂရုစိုက်သွားဦး.."

Alluring [ ဘာသာပြန် ]Where stories live. Discover now