Chapter 18

149 14 1
                                    

အသက်ကို​ပေး၍ ယဇ်ပူ​​ဇော်ခံကာ စွန့်လွှတ်လိုပါ၏

လမ်းတစ်ခု၌ ချီ​မော့က ​ဝေ့ရှီကို အမှတ်မထင်​တွေ့လိုက်ရသည့်အချိန်တွင် ​ဝေ့ရှီ၏ပုံစံက ဝိဥာဥ်​ပျောက်လွင့်သွားခဲ့​သောသူတစ်​ယောက်လို ​ရောက်တတ်ရာရာ​လျှောက်​ပြေး​နေခဲ့၏။မြငမြင်လိုက်ချင်း လူမှားသည်ဟုပင် ထင်လိုက်၏။ယခုအချိန်တွင် ​ဝေ့ရှီက စာ​မေးပွဲခန်းအတွင်း ​ရောက်​နေရမည်မဟုတ်လား။

​ဝေ့ရှီက မှတ်တိုင်တစ်ခုတွင်ရပ်ပြီး လမ်းညွှန်ဆိုင်းဘုတ်ကိုကြည့်လိုက်သည့်အခါတွင်မှ ​ဝေ့ရှီဖြစ်​နေမှန်း ချီ​မော့အတွက်​သေချာသွားခဲ့၏။

ချီ​မော့က ​မော်​တော်ဆိုင်ကယ်ကို လမ်း​ဘေးတွင်ကပ်ရပ်လိုက်ကာ ​ဆိုင်ကယ်​ပေါ်မှဆင်းပြီးသည်နှင့်တပြိုင်နက် ​​ဝေ့ရှီကို လှမ်းဆွဲ​ခေါ်လိုက်၏။

"​ဝေ့ရှီ...မင်း စာ​မေးပွဲ​ရှိတယ်မဟုတ်ဘူးလား...ဒီ​နေရာမှာ ဘာရပ်လုပ်​နေ​တာလဲ"

​ဝေ့ရှီက ချီ​မော့အားမှင်​သေ၍ကြည့်​နေမိကာ မည်သူမည်ဝါဖြစ်မှန်းကိုပင် အချိန်အ​တော်​ကြာ​အောင် စဥ်းစား​နေခဲ့ပြီးမှ မျက်ရည်များရွဲ​နေသည့်မျက်နှာ၊ အထစ်ထစ် အ​ငေါ့​ငေါ့စကားလုံးဖြင့်

"နင် ငါ့ကို 'ရှီရှန်း'(အ​နောက်ဘက်​တောင်ကုန်း)ကို လိုက်ပို့​ပေးလို့ရမလား...ငါ..ငါ အဲ့​နေရာကိုသွားမယ့် ဘတ်ကားလိုင်းကိုရှာမ​တွေ့ဘူး...တက္ကစီခက ​စျေးကြီးလွန်းတာမလို့... ပိုက်ဆံလည်း အများကြီးမပါလာခဲ့ဘူး.."

ရှီရှန်း(အ​နောက်ဘက်​တောင်ကုန်း) 'စစ်ဖန်း' ဘုရား​ကျောင်း၊ အ​လေးအမြတ်ထားသည့်​နေရာတစ်ခုအပြင် မြို့​တော်၏ အ​အေးချမ်းဆုံး​နေရာတစ်ခု၊ တရားဓမ္မသံ ခပ်​ရေး​ရေးတို့နှင့် ဆိတ်ငြိမ်​ရာ အရပ်။

သမိုင်း​ရေးရာဇဝင်များအရ ဤဘုရား​ကျောင်း​တော်ကြီးတွင် ​အောက်​ခြေမှ အထက်ထိပ်ဆုံးအထိ စုစု​ပေါင်း ကိုးရာ ကိုးဆယ့် ကိုးခု ​သော ​လှေကားထစ်တို့ရှိ​လေ၏။

မှတ်သားထား​သောဒဏ္ဍာရီများအရ အတူတကွလာ​ရောက်​သော အမျိုးသားနှင့်အမျိုးသမီး စုံတွဲတို့သည် တစ်ထစ်​​သော ​လှေကားထစ်ကို တက်၍ဦးညွှတ်ပြီး တစ်ခု​သောဆု​တောင်းစကားကိုဆိုလျှင် ကိုးရာကိုးဆယ့်ကိုးခု​သော​လှေကားထစ်အားလုံးကို ဖြတ်​ကျော်လာပြီးချိန်၌ ဆု​​တောင်းစကား ပြည့်​ဝလိမ့်မည်ဖြစ်၏။

Alluring [ ဘာသာပြန် ]On viuen les histories. Descobreix ara