Chapter 31

136 14 1
                                    

မင်းနဲ့တန်တယ်လို့ ထင်​နေ​တာလား

"နင် လုပ်တာမလား"

ရွမ်​ရှောက်နန်က ထိုင်ခုံ​ထက်သို့ပြန်ထိုင်လိုက်ကာ လက်​ချောင်းသွယ်သွယ်များကို​တစ်ဖက်နှင့်တစ်ဖက် ​ခေါက်ထားလိုက်ရင်း ​ဝေ့ရှီကိုကြည့်၍

"ကိုယ့်ကို ဟုတ်တယ်လို့​​ဖြေစေချင်တာလား..မဟုတ်ဘူးလို့​​ဖြေ​စေချင်​တာလား"

"ငါ အမှန်တရားကိုပဲ နား​ထောင်ချင်တာ!.."

ရွမ်​ရှောက်နန်က ပြုံးလိုက်ပြီး

"​သေချာ​ပေါက် မဟုတ်ဘူး​ပေါ့...မင်းဘယ်လိုများ ဒီ​လောက်ထိ​တွေးပစ်လိုက်ရတာလဲ...ကိုယ်​ပြောပြဖူးတာမှတ်မိ​သေးလား အထက်​တန်းလွှာမှာစည်းမျဥ်းတစ်ခုရှိတယ်လို့​လေ..အဲ့ဒါက ကိုယ့်လက်ကို ဘယ်​တော့မှ​သွေးမစွန်း​စေနဲ့တဲ့..ဒါ​ပေါ့ ဒါမျိုးကိစ္စ​တွေက ကိုယ် ကိုယ်တိုင်လုပ်စရာမလိုဘူး...သင့်​တော်တဲ့သူကို ရှာလိုက်ရုံပဲ...သတင်းကိုသာ လွှင့်လိုက်ရင် ပိုက်ဆံအတွက် ဒုက္ခခံ​ပေးမယ့်သူ​တွေရှိပြီးသား...​နောက်ပိုင်းကိစ္စကို ထိုင်ကြည့်​နေရုံပဲ​လေ...ကိုယ်တိုင်လုပ်​နေစရာကိုမလိုတာ.."

​ဝေ့ရှီ၏နှုတ်ခမ်းများက တဆတ်ဆတ်တုန်​နေကာ

"ဒီ​လောက်ကိစ္စကြီးဖြစ်​နေတာကို လုမိသားစုကလူ​​တွေ ဘာလို့ငါ့ကို လာမရှာတာလဲ"

"ရှာရင်လည်း ရှာမှာ​ပေါ့...ဒါ​ပေမယ့် အဲ့အချိန်တုန်းက ကိုယ်တို့က 'လီကျန်း'မှာ​လေ..ကိုယ်က သူတို့မင်းကို ​နှောက်ယှက်မှာစိုးပြီး လုအိမ်ကလူ​တွေရဲ့ဖုန်းနံပါတ်​တွေအားလုံး မင်းလက်ခံ​ဖြေလို့မရ​အောင် လုပ်ထားလိုက်​တာ...မင်း ကိုယ့်ကို အပြစ်မတင်​လောက်ဘူးမလား.."

​ဝေ့ရှီ၏မျက်ဝန်းများ ​မှောင်မိုက်သွားရကာ အချိန်ကြာ​အောင်တိတ်ဆိတ်​နေမိပြီးမှ

"ဘာလို့လဲ...နင် ငါ့ကိုကတိ​ပေးထားတယ်​လေ..."

ရွမ်​​ရှောက်နန်က သ​ဘောတကျ​အော်ရယ်လိုက်ကာ သူမအား​လှောင်​ပြောင်သလို စိုက်ကြည့်လာပြီး

"မင်းကိုမင်း ဘယ်သူလို့များထင်​နေတာလဲ"

"ဘာ?..."

Alluring [ ဘာသာပြန် ]Where stories live. Discover now