Chapter 14

160 14 1
                                    

သည်းခံနိုင်စွမ်းထက်​ကျော်လွန်းပြီး ထပ်၍သည်းမခံနိုင်ခြင်း

ပင်လယ်ကမ်းစပ်မြို့ဖြစ်သဖြင့် နှင်းပွင့်များက လမ်းမထက်တွင်ကြာကြာရှိ​မ​နေနိုင်ပါ။အရည်​ပျော်လုနီးနီးဖြစ်သည့် နှင်းစက်ရည်များက ကားဘီးရာများဖြစ်သွားခဲ့ရ၏။

Alluring ၏မီးလင်းဆိုင်းဘုတ်ထက်တွင် အနည်းငယ်တင်ကျန်ရစ်​နေခဲ့သည့် နှင်းစက်ရည်များရှိ​နေ​သေးသဖြင့် ​ဝေ့ရှီက ခပ်​သေး​သေးတံမြက်စည်းတစ်​​ချောင်းကိုယူပြီး သန့်ရှင်း​နေ​လေ၏။

ညဘက်တွင်တိုက်လာသည့်​လေညှင်းက ချမ်းစိမ့်စိမ့်ဖြစ်ကာ ​ဝေ့ရှီက ယူနီ​ဖောင်း​ကော်လံကိုဆွဲတင်ပြီး နီရဲ​အေးစက်​နေသည့်လက်​ချောင်းများကို အနည်းငယ်​နွေး​ထွေးလာ​စေလိုငြား ပါးစပ်နားကပ်၍ အာ​ငွေ့​ပေးလိုက်၏။

သတ်မှတ်ထားသည့် အလုပ်စခါနီးအချိန်လည်း ​ရောက်ပြီဖြစ်သဖြင့် ဤ​နေရာတွင် အလုပ်လုပ်ကြသည့်​ကောင်မ​လေးက ​ရှေ့ဆင့်​နောက်ဆင့်အသီးသီး​ရောက်လာကြ၏။အ​ရောင်အ​သွေးစုံလှသည့်​ရေသူမ​လေးများ ဖြတ်သွားတိုင်း မတူညီသည့်​မွှေးရနံ့များနှင့် ကွဲပြားသည့်ပြင်ဆင်ပုံအလှများကို ခံစားကြည့်​လိုက်ရ၏။

လူ​တော်​တော်များများ​ပြောကြသည့်စကားတစ်ခွန်းက Alluring တွင်အလုပ်လုပ်သည့်​ကောင်မ​လေး​တော်​တော်များများက Mercedes-Benz , BMW တို့ဖြင့် အလုပ်လာသည့်အ​ကြောင်းဖြစ်သည်။စစချင်းကြားဖူးသည့်အခါက ​ဝေ့ရှီအ​နေဖြင့် ​မြှောက်စား​ပြောဆို​နေသည်ဟုသာ ထင်ခဲ့ဖူးသည်။ဤ​နေရာတွင် အလုပ်လုပ်ချိန်ကြာမြင့်လာပြီး​နောက်မှ အပြင်ဘက်တွင်​ပြော​နေကြသည့်အတင်းအဖျင်းများက မှန်ကန်​နေ​ကြောင်းကို ယုံကြည်သွားခဲ့၏။အချို့က နာမည်ကြီးကားများ​ပေါ်မှ ဆင်းလာကြပြီး အချို့က ကိုယ်တိုင်​မောင်းလာကြသည်အထိ။

ဒီ​နေရာရှိ​ကောင်မ​လေး၏ ဝင်​ငွေက ပမာဏများလွန်းသည့်အထဲတွင်လည်းပါသလို သုံးဖြုန်းသည့်​နေရာတွင်လည်း အတူတူဖြစ်၏။​တော်​တော်များများက နာမည်ကြီးတံဆိပ်များသုံးစွဲရသည်ကို အရူးအမူးစွဲလမ်းကြသည်ဟုဆိုရမည်။Cartier နာရီ၊ LV အိတ်၊ Chanel ​ရေ​မွှေး၊ Lancome တံဆိပ်မိတ်ကပ် စသည့်စသည့်တို့ဖြင့် အပြိုင်အဆိုင်။​ခေါင်းအစ​ခြေအဆုံးဝတ်ထားသည့်ဝတ်စုံများကလည်း နာမည်ကြီးတံဆိပ်များသာဖြစ်ရာ မည်သို့နည်းလမ်းနှင့်များ ကားဝယ်ရန်အတွက် အပို​ငွေကျန်​နေပါ​သေးသနည်း။

Alluring [ ဘာသာပြန် ]Where stories live. Discover now