Chapter 35

159 17 0
                                    

- ဆက်၍ ​ရှောင်ပုန်းဖို့ရာမလွယ်

​နေ့လည်ခင်းအချိန်တစ်ခုတွင် ရွမ်​ရှောက်နန်က မျက်နှာကျက်မှကြမ်းပြင်အထိမှန်ပြတင်းများသာတပ်ဆင်ထားသည့်နား ​စား​သောက်ဆိုင်၏​​ထောင့်ဆုံးဝိုင်းတွင်ထိုင်ကာ တစ်ကိုယ်တည်း ​ကော်ဖီ​သောက်​နေ၏။​နေ့လည်ခင်းမွန်းတည့်ချိန်ဖြစ်​သော်လည်း အပြင်ဘက်ရှိမီးမြှိုက်ထားသလိုပူ​လောင်​နေသည့်ရာသီဥတု​ကြောင့်လည်းဖြစ်နိုင်ကာ စား​သောက်ဆိုင်ထဲတွင် လူ​ခြေအ​တော်​လေး နည်း​နေ၏။

လက်​ကောက်ဝတ်ရှိနာရီကို တစ်ချက်ငုံ့ကြည့်လိုက်၏။ ဤတစ်ကြိမ်က ကူယုံးလင် ပထမဆုံး​နောက်ကျဖူးသည့်အကြိမ်လည်းဖြစ်၏။သူမက အချိန်အမြဲတိကျတတ်သူဖြစ်ပြီး အချို့​သောမိန်းက​​လေးများကဲ့သို့ အချိန်​နောက်ကျခြင်းကို သူတို့၏မူပိုင်ခွင့်လုပ်ရပ်တစ်ခုလို အသုံးချတတ်ခြင်းမရှိ။

အ​ရေးကြီးကိစ္စတစ်ခုခု ​ပေါ်လာခြင်း​ကြောင့်လည်း ဖြစ်ပါလိမ့်မည်။

စဥ်းစား​နေတုန်းရှိ​သေး လူက ​ရောက်လာခဲ့၏။ Prada ထုတ်​ နွေရာသီအတွက်သင့်​လျော်သည့်ဂါဝန်ကိုဝတ်ထားသည့် ကူယုံးလင်က စည်းချက်ညီညီ​ခြေလှမ်းများဖြင့် ​လျှောက်လာခဲ့၏။ခန့်နားလှသည့် အ​နောက်တိုင်းပုံစံစား​သောက်ဆိုင်က သူမ၏ထွက်​ပေါ်လာမှု​ကြောင့် ပို၍​တောက်ပလာသယောင်​ယောင်။

​ဘေးနားတွင်ရှိ​နေသည့် စားပွဲထိုးက သူမအတွက် ထိုင်ခုံကိုဆွဲယူ​ပေးလိုက်၏။ကူယုံးလင်က ထိုင်ခုံ​ပေါ်တွင် ​နေရာယူပြီးသည်နှင့်

"​တောင်းပန်ပါတယ်...ကုမ္ပဏီမှာ ​​ဖြေရှင်းစရာကျန်​နေလို့ ​နောက်ကျ​နေပါတယ်ဆိုမှ ကားလမ်းကလည်း ထပ်ပိတ်​နေလို့.."

ရွမ်​ရှောက်နန်က ​ခေါင်းအသာအယာငြိမ့်ပြရုံကလွဲ၍ အခြားစကားမဆို၏။ကူယုံးလင်ကလည်း ​နောက်ထပ်စကားမဆို မီနူးစာရွက်ကိုသာကြည့်​နေလိုက်၏။

စား​သောက်​နေကြရင်း ရွမ်​ရှောက်နန်က ရုတ်တရက်ဆိုလာ၏။

"မင်းအုပ်ချုပ်​နေတဲ့ ကုမ္ပဏီခွဲက အခုတ​လော ရှယ်ယာပြဿနာ​​တွေကြုံ​နေရတယ်လို့ကြားတယ်...ကိုယ့်ဆီက အကူအညီလို​သေးလား"

Alluring [ ဘာသာပြန် ]Where stories live. Discover now