Chapter 12

169 13 0
                                    

အချစ်ဟုထင်ရ​သော

ချီ​မော့က အ​ကြောင်းအရင်းမရှိပါဘဲနှင့် စိတ်​လေးလံ​နေမိ၏။

​မျက်နှာကို​မော့လိုက်ကာ ဦး​ခေါင်းအထက်ရှိ မြင်ကွင်းထဲတွင် ကျဥ်း​မြောင်း၍သာမြင်​နေရသည့်​ကောင်းကင်ကြီးအား ​မျှော်ကြည့်လိုက်၏။အ​နောက်​ရောင်တိမ်တိုက်များ ဖုံးကွယ်ထား​သော​ကြောင့် လမင်းကြီးကိုအ​ရောင်အဝါများကို မ​တွေ့ရ​။အ​နောက်ဘက်ရှိနံရံကို မှီလိုက်ပြီး စီးကရက်ကိုမီးညှိကာ တစ်ရှိုက်ချင်းစီဖွာ​လိုက်၏။

​မြေကြီး​ပေါ်တွင် ဒူး​ထောက်​နေသည့်လူတစ်ကိုယ်လုံးတွင် ​သွေးအလိမ်းလိမ်း၊ နှုတ်ခမ်းမှအန်ထုတ်လာသည့်​သွေးများကလည်း မည်းနက်​နေ​၏။မျက်နှာတစ်ခုလုံးတွင် ​သွေးများရွှဲနေပြီး မျက်လုံးများထဲမှကို ​သွေးစီးကျ​နေသလို။ ​ခေါင်းက ​မြေကြီးနှင့်ထိလုမတတ် ဖိနှိပ်ထားခံရပြီး ပါးစပ်မှလည်း တတွတ်တွတ်​ပြော​​နေပြန်၏။ထိုလူ​ပြော​နေသည့်စကားများကို သဲသဲကွဲကွဲမကြားရ။သက်ညှာ​ပေးဖို့ ​တောင်းပန်​နေခြင်းသာ ဖြစ်လိမ့်မည်။

​ဘေ့စ်​ဘောရိုက်တံကို ကိုင်ထားသည့်သူက ချီ​မော့ကိုကြည့်လာသဖြင့် ​ခေါင်းငြိမ့်ပြီးအချက်ပြလိုက်၏။

ဘုန်း!...

အသံတစ်ချက်ထွက်သွားပြီးသည့်​နောက်တွင် အရာအားလုံးက တိတ်ဆိတ်သွားခဲ့၏။

ချီ​မော့က သူ၏စီးကရက်ကို နင်း​ခြေလိုက်၍ အခြားသူများဆီသို့ကြည့်ကာ

"ရပြီ...သွားမယ်.."

တစ်စုံတစ်​ယောက်က ​မြေကြီး​ပေါ်လဲကျ​နေသည့်သူအား တံ​တွေး​ထွေးလိုက်ပြီး

"ငါ-ူး...လူပါးဝ​နေတဲ့​ကောင်..."

ချီ​မော့က တစ်ချက်လှမ်းကြည့်လိုက်ပြီး​နောက် ထိုလူအား ခပ်ပြင်းပြင်းတစ်ချက်ကန်​ကျောက်လိုက်၏။သတိမ​ပေးဘဲတိုက်ခိုက်ခံလိုက်ရခြင်း​ကြောင့် ​မြေကြီး​ပေါ်ဒူး​ထောက်လျက် ကျသွားခဲ့၏။

"သူ့လုပ်ရပ်​ကြောင့် သူပြန်​ပေးရတာ..မင်း ဝင်​ပြော​နေစရာ ဘာအ​ကြောင်းမှမရှိဘူး..."

Alluring [ ဘာသာပြန် ]Unde poveștirile trăiesc. Descoperă acum