Chapter 54

171 15 0
                                    

နာကျင်ခံစားမှုများ ပြည့်နှက်ရာ အသူတရာ​ချောက်နက်

ရူ​ဖေးက ယိုယို၏အဝတ်အစားကိုယူလဲပြီးသည်နှင့် ​​ဝိုင်ဗန်းကိုကိုင်ကာ ​ခေါင်းငုံ့ရင်း လင်း​လော့ချွမ်၏Box ထဲသို့ဝင်လာခဲ့သည်။

အထဲတွင် ကျယ်​လောင်လှသည့်သီချင်းသံများနှင့်အတူ မီး​ရောင်ကိုအမှိန်ဆုံးဖြစ်​အောင်ဖွင့်ထားပြီး ဝိုင်အနံ့အသက်များက ပြည့်နှက်​နေသည်။ရူ​ဖေးက အခန်းထဲ​ရောက်ပြီးသည်နှင့် ပတ်ပတ်လည်​ဝေ့ဝဲကြည့်လိုက်ရာ ရှာ​နေသည့်သူက အားလုံး၏ အလယ်တည့်တည့်ထိုင်​နေပြီး ​ဘေးနားတွင်အ​ဖော်ပြုပေး​နေသည့်မိန်းက​လေးနှင့် ပလဲပနှံသင့်​နေ၏။

ရူ​ဖေးက စိတ်လှုပ်ရှားပြီးဂဏာမငြိမ်ဖြစ်​နေသည့်အပြင် အလျင်းသင့်သလို လက်ရဲဇက်ရဲလည်းမပြုမူရဲ​။အချိန်ကိုက်နီးပါး ဝိုင်ငှဲ့​ပေးရန်​ခေါ်လာသည့်သူရှိသဖြင့် အနားသို့​လျှောက်သွားပြီး ငှဲ့​ပေးလိုက်ရာ လင်း​လော့ချွမ်​ဘေးနားသို့ မသိမသာတိုးကပ်လိုက်ချိန်တွင် တ​ထောင်း​ထောင်းထ​နေသည့်အရက်နံ့များရှူရှိုက်မိပြီး အ​တော်​လေး​သောက်ထား​ကြောင်း သတိထားမိလိုက်သည်။

ရူ​ဖေးက ထပ်၍​အောင့်အီးမ​နေနိုင်​တော့သဖြင့် ဒူးတစ်ဝက်ကိုညွှတ်ရင်း အနားသို့ကပ်လိုက်၍

"သခင်​​လေးလင်း..."

လင်း​လော့ချွမ်က တစ်ဖက်သို့လှည့်လာကြည့်လာ၍

"ဘယ်လိုဖြစ်လို့ မင်းဖြစ်​​နေတာလဲ.."

"သခင်​လေးလင်း...ကျွန်မ..."

ရူ​ဖေးက စကား​ဆို​တော့မည့်အခိုက် ​ဘေးနားတွင်ထိုင်​နေသည့်သူက သူမကိုမှတ်မိသွားပြီး

"ဒါ ရူ​ဖေးမလား...မ​တွေ့ရတာ​တောင် ကြာပြီ​နော်...ငါ မင်းကို လွမ်း​နေခဲ့တာ..."

ရူ​ဖေးလည်း အ​ခြေအ​နေမ​ကောင်း​တော့မှန်းတန်းသိလိုက်၏။ထင်ထားသည့်အတိုင်း ​ကောင်မ​လေးတစ်​ယောက်က ​မသိမသာထထွက်သွားသည်ကိုမြင်လိုက်ရကာ လုံခြုံ​ရေးကိုသွား​ခေါ်မှန်း ရူ​ဖေးသိလိုက်၏။

အချိန်မရှိ​တော့သဖြင့် လင်း​လော့ချွမ်၏အကျီအနားသတ်ကိုလှမ်းဆွဲကာ အသံကျယ်ကျယ်​အော်ဟစ်လိုက်၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now