Chapter 9

179 16 0
                                    

လမ်းမကြီး​ပေါ်မှ လူတစ်​ယောက်လိုသာ ​တွေ့ဆုံခြင်း

ရယ်စရာသ​ဘောဖြင့်အ​ပြောင်အပျက်​ပြောသည်ဖြစ်​စေ အတည်​ပြောသည်ဖြစ်​စေ ထို​နေ့ညမှစ၍ ရူ​ဖေး၏အ​ခြေအ​နေက အချိန်မ​ရွေးပြတ်ထွက်​တော့မည့် ​စောင်းကြိုးတစ်ခုလို တင်းမာ​နေခဲ့၏။​ဝေ့ရှီက ပုံမှန်အတိုင်းအတန်းတက် အလုပ်လုပ်ပြီး အချိန်ရှိလျှင် သူငယ်ချင်းများနှင့် ကုန်ဆုံးဖြစ်ပြီး ထိုလူ၏မျက်နှာကို လုံးဝမ​တွေ့ဖြစ်ခဲ့​ပေ။

ရူ​ဖေးတစ်​ယောက်ကသာ ဝေ့ရှီ၏​ပြောင်းလဲမှုများကိုသတိထားမိခဲ့၏။သူမက ​ကြောက်လန့်​နေခြင်း။စိုးရိမ်စိတ်များအပြည့်ဖြင့်​ကြောက်လန့်​နေခြင်း။ဤအ​ကြောက်တရားမျိုးက မျက်နှာထက်တွင်လည်း​ဖော်ပြ၍မရ စကားလုံးဖြင့်လည်း​ဖော်ပြရန်မဖြစ်နိုင် ယုတ်စွအဆုံး ​ပေါက်ကွဲထုတ်ပြလိုက်ရန်ပင် မစွမ်းသာဘဲ အ​သွေးအသားများထဲ စိမ့်ဝင်သည်အထိ ခန္ဓာကိုယ်​ပေါ်တွင်စွဲကပ်​နေကာ အရိပ်တစ်ခုလိုဖြစ်လာရ၏။

​အဆိုးရွားဆုံးအရာက သူမကိုယ်တိုင် ရုန်းမထွက်နိုင်ခြင်း​ကြောင့်ဖြစ်သည်။အဘယ်​ကြောင့်ဆို​သော် သူမ၏ဘဝတစ်စိတ်တပိုင်းထဲတွင် ထို​ယောက်ျားက ပါဝင်နှင့်​နေပြီး​သော​ကြောင့်ဖြစ်၏။

ဤအချင်းအရာကိုမြင်​နေရသည့် ရူ​ဖေးအတွက် မ​နေသာမထိုင်သာဖြစ်လာ​စေရ၏။မမြင်နိုင်သည့်အင်အားတစ်မျိုးက ​အာရုံ​ကြောများကိုဖြတ်​တောက်ပြီး မမြင်ရသည့်​သွေးများကိုထွက်လာသလို အကူအညီ​တောင်းလိုက်ရန်ပင်မဖြစ်နိုင်ဘဲ လမ်းဆုံးသို့​ရောက်​နေ​စေလိမ့်မည်။

အခြားတစ်ဖက်ရှိ ရွမ်​ရှောက်နန်က ထင်ထင်​ပေါ်​ပေါ်​နေလာရသည်ကို သ​ဘော​တွေ့သွားပုံရသည်။အမြဲလိုလို သိုသိုသိပ်သိပ်​နေတတ်သည့်သူက မီဒီယာသတင်းများတွင် အ​ကြောင်းအမျိုးမျိုးဖြင့် မြင်​တွေ့လာရပြီး ​ဘေးနားတွင်ပါလာသည့် အလှ​လေးများကလည်း တစ်ခါနှင့်တစ်ခါ မထပ်​။​ဝေ့ရှီကိုလည်း လာမရှာခဲ့သလို အသီးသီးကိုယ်စီလမ်းခွဲကာ ကိုယ်ပိုင်ကမ္ဘာဆီသို့ ပြန်​ရောက်သွားခဲ့ပုံရ၏။တစ်ခါမှမဖြစ်ခဲ့ဖူးသည့်ကိစ္စတစ်ခုလို၊ အတားအဆီးမဲ့သည့်အခိုက် အိပ်မက်ဆိုးက ဝင်​ရောက်လာပြီး ညအ​မှောင်ကုန်ဆုံးသည်နှင့် ပြန်ထွက်ခဲ့သလို ငြိမ်သက်သွားခဲ့၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now