Chapter 33

163 15 0
                                    

ငရဲနှင့်​ကောင်းကင်ဘုံကြား အပြစ်​ဆေး​ကြောခြင်း​နေရာ သို့မဟုတ် ​သေဆုံးခြင်းနယ်နမိတ်

ထို​နေ့၏ညတာကုန်လွန်​ကျော်ဖြတ်သွားပြီး​နောက် မည်သူတစ်ဦးတစ်​ယောက်ကမှ လု​ဝေ့ရှီ ဆိုသည့်စကားလုံးကို မဆိုလာကြ​တော့​ပေ။ 'အမြစ်ပြတ်သုတ်သင်​​ချေမှုန်းခြင်း တိုက်ပွဲ' ၏အကြွင်းအကျန် ဖုန်မှုန်ဖုန်စ​လေးများနှင့်အတူ ​လောကကြီးအ​ပေါ်အုပ်မိုးထိုင်စိုးထားသည့် ​​ယောက်ျားနှစ်ဦး၏နှလုံးသားထဲ၌လည်း ထိုစကားလုံး​လေးက တ​​ဖြေး​ဖြေး​ပျောက်ကွယ်သွားခဲ့၏။​မည်သည့်အရာနှင့်တူ​ကြောင်း ခိုင်းနှိုင်းပြရလျှင် နွေဦးရာသီ၏ရက်စွဲများတွင်ရှိတတ်သည့်ဖုန်မှုန့်​လေးများက ရုတ်တရက်ရွာချလာသည့်မိုး​ရေနှင့်အတူ ကမ္ဘာ​မြေကြီး​ပေါ်မှ သဲလွန်စမကျန်​အောင် ​ပျောက်ကွယ်သွားရသလိုပင်။

ရွမ်​ရှောက်နန်အတွက် ​အောင်မြင်မှုကြီး​ထွေ့ပိုက်ပြီး​နောက် အားလပ်သွားရပြီဖြစ်ကာ 'ကူယုံးလင်' ရှိရာ စင်ကာပူသို့လာ၍ သူ၏​မွေး​နေ့ကျင်းပမည့်အ​ကြောင်း အသိ​ပေးလိုက်၏။အားလပ်ရက်ရှည်ကိုပါယူထားပြီး သတို့သမီး​လောင်းနှင့်အတူ မြို့​တော်၏အစွန်​ဒေသများဆီသို့ အလည်အပတ်ခရီးထွက်မည်ဖြစ်သည်။ထို့အပြင် နှစ်​ယောက်သား၏မဂ်လာပွဲအတွက်ပါ စ၍ အစီအစဥ်ဆွဲကြမည်လည်းဖြစ်၏။

လင်း​လော့ချွမ်က ယခင်အတိုင်းသက်​သောင့်သက်သာ​​နေ့ရက်များကိုဖြတ်သန်း​နေဆဲ။ ထို့အပြင် လုမိသားစုအ​ရေးကိစ္စအပြီးတွင် ဤတိုက်ပွဲအတွင်းမှအမြတ်အစွန်း​တော်​တော်များများက မိမိ၏ "ဟွမ်​ချောင်"လုပ်ငန်းစုမှရလိုက်ခြင်းလည်းဖြစ်ရာ ​လေယာဥ်လက်မှတ်ဝယ်ပြီး ဟာဝိုင်ရီသို့ တစ်ကိုယ်တည်း ခရီးနှင်​လေ၏။

နိုင်ငံခြားခရီးစဥ်အတွက် ​လေယာဥ်​ပေါ်တွင်ထိုင်​နေသည့်အခိုက် သတင်းစာတစ်​စောင်ထက်မှ သတင်းတစ်ပုဒ်ကို ဖြတ်ခနဲမြင်လိုက်၏။လုရိန့်ရှီက ဖမ်းဆီးခံရပြီး တရားခွင်မှ ​သေမိန့်ချမှတ်လိုက်သည့်အ​ကြောင်းဖြစ်ကာ အခြားအပိုစာသားတစ်ခုမှမပါ၏။

ရုတ်တရက် Alluring မှာ ပထမဆုံးအကြိမ်အဖြစ်မြင်ဖူးခဲ့သည့် လု​ဝေ့ရှီ၏ပုံစံ​လေးကို မြင်​ယောင်လာမိ၏။​နွေဦးရာသီအစတွင် ပွင့်လန်းလာသည့် ​ရေကန်အတွင်းမှ ကြာပွင့်​လေးတစ်ပွင့်က ည​လေ​ညှင်းတစ်ချက်တိုး​ဝေ့လိုက်တိုင်း ကျက်သ​ရေရှိစွာညှို့ယူပစ်လိုက်ခြင်းနှင့်တူသည့် အလှမျိုး။မျက်ခုံးနှစ်ခုကြားတွင် မသိမသာ​လေးရှိ​နေသည့် မှဲ့သေး​သေး​လေးက နတ်ဘုရားမ​လေး၏ ကွယ်ဝှက်ထားသည့်မျက်ဝန်းတစ်ခုနှယ်။

Alluring [ ဘာသာပြန် ]Onde histórias criam vida. Descubra agora